(၆) S အဆင့်စွမ်းရည်

Start from the beginning
                                    

မှင်စာငါးကောင်၏ ဝန်းရံတိုက်ခိုက်ခံရမည်ကို တွေးမိရုံနှင့် ယွင်လင်က ကြက်သီးဖြန်းဖြန်းထသွားခဲ့သည်။


သူမက သေဆုံးလိမ့်မည်မဟုတ်သော်လည်း ဒဏ်ရာအများကြီး ရသွားလိမ့်မည် ဖြစ်သည်။


"ကံကောင်းလို့ သူနဲ့ တွေ့ခဲ့ရတာပဲ။" ယွင်လင်က ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။


အပြန်လမ်း၌ ယွင်လင်က အသုံးအဆောင်ကတ်များကို ထပ်မရှာတော့ဘဲ မြန်မြန်ဆန်ဆန် ခရီးဆက်ခဲ့သည်။

မွန်းစတားများကို ​ရှောင်တိမ်းရသည်မှာ သိပ်မခက်လှပေ။

တစ်စုံတစ်ယောက်က စိတ်တည်ငြိမ်နေလျှင် မွန်းစတားများကို ရှောင်ရန် ပုန်းစရာနေရာရှာဖွေခြင်း သို့မဟုတ် အဝေးမှ လှမ်းမြင်လိုက်လျှင် လမ်းလွှဲသွားခြင်းမျိုး ပြုလုပ်နိုင်သည်။


တစ်စုံတစ်ယောက်က ဆက်လက်၍ ပြေးလွှားနေမည်ဆိုလျှင် စွမ်းအင်များကို အလဟဿဖြုန်းတီးနေခြင်းသာဖြစ်ပြီး မွန်းစတားအသစ်များနှင့် အလွယ်တကူတွေ့ဆုံနိုင်သည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ယွင်လင်က လွင့်မျောတိမ်လွှာစခန်းသို့ ရောက်ရှိလာသည်။ သူမက သစ်သားတုတ်ချောင်းကို သိုလှောင်ရုံအတွင်း ပစ်ထည့်ရန် ပြင်လိုက်စဥ် မီးပုံဖိုသည့် ဖိုအနီးတွင် ဝိုင်းဖွဲ့ထိုင်နေသည့် တက္ကသိုလ်ကျောင်းသား/သူ သုံးယောက်ကို မြင်လိုက်ရသည်။


မျက်မှန်နှင့် ကျောင်းသားလေးတစ်ယောက်က ခါးသီးသောအမူအရာနှင့် ရှိနေသည်။ "ငါ ရဲတွေကို ဖုန်းဆက်ခဲ့ပေမယ့် ကိုင်မယ့်လူ မရှိဘူး။ ငါ့မိဘတွေဆီကို ဖုန်းခေါ်တော့လည်း ဖုန်းက မဝင်ဘူး။"


ဆံပင်အတိုလေးနှင့် ကျောင်းသူလေးတစ်ယောက်က ပြောလိုက်သည်။ "ပြေးနေရင်းနဲ့မှ မွန်းစတားတွေက ကျောင်းမှာတင်မဟုတ်ဘူး။ လမ်းတွေတိုင်းမှာလည်း အများကြီးရှိနေတာကို ငါ သတိထားမိလိုက်တယ်။"


"ဒီနေရာက ဘာလဲဆိုတာမသိဘူး။ ဒီမှာပုန်းနေပြီးတဲ့နောက် မွန်းစတားတွေက ငါ့နောက် လိုက်မလာတော့ဘူး။"

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now