Chapter 199: There's A Dragon...? (4)

Start from the beginning
                                    

အရေးပေါ် ဆက်သွယ်မှု​ပေါင်းစုံတို့မှာ တရစပ်ဝင်လာ၏။ 

အထူးသဖြင့် အရှေ့မြောက်ပိုင်းနယ်မြေတစ်ခုလုံးအနှံ့မှဆက်သွယ်မှုတို့မှာ အများဆုံးဖြစ်သည်။

အခုလောလောဆယ် Henituse နယ်မြေအားချိတ်ဆက်ထားသော ရုပ်သံဆက်သွယ်ရေးစက်တို့များစွာရှိ၏။ 

သူတို့အားလုံးသည် တိုက်ပွဲအား ဖန်သားမျက်နှာပြင်မှနေတစ်ဆင့် မြင်တွေ့ခဲ့ရသည်။ 

မည်သို့ပင်ဆိုစေကာမူ Basen သည် မည်သည့်ဆူညံသံကိုမှမကြားနိုင်ပါပေ။ သူ၏အကြည့်တို့မှာ ယဲ့ယဲ့လေးသာရပ်လို့နေသော သူ၏အစ်ကိုပေါ် ၌သာရှိ၏။

ထိုသည်သာမက Cale ​ချောင်းဆိုးရာမှပါလာ​သော​ သွေးမည်းတို့ကိုလည်း သူမြင်​နေရပါ၏။ ဆယ့်ခုနှစ်,နှစ်အရွယ် Basen သည် စစ်ပွဲဒဏ်အား သူ့ဘဝ၌ပထမဆုံးအကြိမ် တွေ့ ကြုံခံစားလိုက်ရသည်။

ထိုအချိန်တွင်ဖြစ်၏။

• "Basen Henituse"

အိမ်​ရှေ့စံ Alberu ၏အသံအား သူကြားလာရသည်။

ပထမတစ်ကြိမ်တွင်​တော့ သူအ​သေအချာမကြားလိုက်နိုင်ခဲ့​သော်ငြား သိသိသာသာကို​ခြောက်ကပ်​နေ​သော ယင်းအသံမှာ Basen အား မြန်ဆန်စွာ အသိကပ်​စေခဲ့သည်။

• "မင်းရဲ့အစ်ကို...မင်းကိုဘာလုပ်ဖို့ခိုင်းခဲ့လဲ?"

Basen သည်​ခေါင်း​​​မော့လာသည်။

Cale ​ပြောခဲ့​သောစကားတို့ သူ၏​ခေါင်းထဲ၌ပြန်​ပေါ် လာသည်။

သူသည် အ​နောက်သို့လှည့်ကာ ပြန်​ကြား​ရေးအခန်းတွင်းအား​ ဝေ့ကြည့်လိုက်၏။ ဤအခန်းမှာ ယခု Roan တစ်တိုင်းပြည်လုံး၏သတင်းအချက်အလက်တို့​ပေးပို့ရာဌာနကြီး ဖြစ်​လေသည်။ သတင်းအချက်အလက်ဟူသည် စစ်ပွဲအတွင်း၌အ​ရေးကြီးဆုံးအခန်းကဏ္ဍပင်။

• "မင်းအရှက်မရချင် ဟင့်အင်း...​နောင်တစ်ချိန်မင်း​နောင်တမရချင်ရင် ကိုယ့်အလုပ်ကိုမ​မေ့နဲ့"

ဤစကားတို့အား Alberu သည် Basen အား​ပြောဆို​နေ​တာ ဖြစ်​သော်လည်း တကယ်တမ်းကျ သူ့ကိုယ်သူပါ​ ရည်ညွှန်းပြောဆို​နေတာဖြစ်၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now