Clopeh Sekka

754 112 2
                                    

Clopeh Sekka (ကလိုဖယ် ဆဲစ်ကာ)

Clopeh Sekka (ကလိုဖယ် ဆဲစ်ကာ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

UNICODE


[⚠️ အသိ​ပေးချက် ​​⚠️]

🚨 အောက်ပါစာတို့၌ အခန်း ၁၇၅ ​နောက်ပိုင်းမှအကြောင်းအရာတို့ပါဝင်သည် 🚨

အိပ်ရာဝင်ပုံပြင်​တွေ၊ ရာဇဝင်​တွေ၊ ဒဏ္ဍာရီလာဇာတ်လမ်း​တွေ ဒါ​တွေကို သူသိပ်ပြီးသ​ဘောကျ မြတ်နိုးတယ်။

အဲ့ဒါက Paerun တစ်တိုင်းပြည်လုံးကို ကယ်တင်ခဲ့တဲ့ သူ့ရဲ့ ဘိုး​ဘေးသူရဲ​ကောင်းကြီးကြောင့်ပဲလား ဒါမှမဟုတ် ဂုဏ်ရှိန်ဝါ​တွေနဲ့ပြည့်နေတဲ့ Sekka ဆိုတဲ့ သူ့ရဲ့မျိုးရိုးနာမည်​ကြောင့်ပဲလား မသိ​ပေမယ့် တစ်​နေ့ကျ သမိုင်းတွင်​စေမယ့် အဖြစ်အပျက်ကြီးတစ်ခုကို ဖော်​ဆောင်နိုင်ရမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တစ်ခု သူ့ရင်ထဲအမြဲရှိ​​နေခဲ့တယ်။

ဒါ​ကြောင့်ပဲ Paerun တိုင်းပြည်ရဲ့အရည်အချင်းဆုံး မာစတာအဆင့်ဓါး​ရေးကျွမ်းကျင်သူတစ်​ယောက် ဖြစ်​အောင် သူကြိုးစားခဲ့တယ်​လေ။ ​ငွေ​ဖြူ​ရောင် အ​ရောင်အဝါကို ကိုင်တွယ်အသုံးပြုသူ​ပေါ့။

ဒါ​ပေမယ့် အဲ့ဒါ​တွေက သူ့ရဲ့ရာဇဝင်ထဲက ဇာတ်လိုက်​ကျော်ဖြစ်ချင်တဲ့အိပ်မက်ကို အ​ကောင်အထည်​ဖော်ဖို့ မလုံ​လောက်​သေးဘူး ဒီ​လောက်နဲ့မဖြစ်နိုင်​သေးဘူး ၊ သံသယမီးပွားအချို့ သူရင်ထဲကိန်း​အောင်းလို့လာ​တော့တယ်။

ဆီးနှင်း​တွေ​ တစ်တိုင်းပြည်လုံးဖုံး​အောင် ကျနေတဲ့ ​နေ့တစ်​နေ့။

နတ်ဘုရားမျက်ရည်ကန် ပူ​​ဇော်ပွဲ​အခမ်းအနားနေ့မှာ သူ့ရဲ့ဆံပင်အဖြူ​ရောင်ထက် ပိုပြီး​ဖွေး​ဖွေးဖြူတဲ့ ဆံနွယ်​တွေနဲ့ ဘုန်း​တော်ကြီးတစ်ပါးကို သူ​တွေ့ ဆုံခဲ့ရတယ်။ ဘယ်နတ်ဘုရားကို ကိုးကွယ်ပါတယ်ဆိုတဲ့ တံဆိပ်အမှတ်အသားဘာတစ်ခုမှမပါရှိတဲ့ ရိုးရိုးရှင်းရှင်းအဖြူ​​ရောင်ဘုန်း​တော်ကြီးဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဘုန်း​တော်ကြီး — သူ့ရဲ့တည်ကြည်တဲ့ဟန်ပန် နဲ့ အ​ရောင်အဝါက တကယ့်ကို နတ်ဘုရားတစ်ပါးရဲ့ တမန်​တော်အတိုင်းပါပဲ။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now