Chapter 183 : Young master-nim, You Really Are...(2)

643 123 1
                                    

အခန်း (၁၈၃): သခင်​လေးတစ်​ယောက်က​တော့... (၂)

Words Count: 4952

UNICODE

"ဖျက်စီးမယ်? ဘာကိုဖျက်စီးမှာလဲ?"

Hilsman သည်နားမလည်နိုင်စွာ​မေးလိုက်​သော်လည်း Cale ကမူသူ့အားလျစ်လျုရှုလျက်ဘားဆိုင်ထဲမှလမ်း​လျှောက်ထွက်သွား​တော့သည်။

သူသည်ဘားဆိုင်၏သုံးလွှာမှ​နေဝင်​ပေါက်ဆီသို့တန်းမတ်စွာသွားသည်။

ဘာပြသနာမှမရှိဘဲလမ်း​လျှောက်ထွက်သွားသည့် Cale အားလူအများသည်ဝိုင်း​​​ငေးကြည့်ကြသည်။ အများစုတို့မှာ Gyerre နယ်​မြေခံများဖြစ်ကြရာတစ်​နေကုန်အမူး​သောက်ပြီးတာ​တောင်မှဘာပြသနာမှမရှိဘဲ​ဖြောင့်​​ဖြောင့်ဖြူးဖြူးလမ်းကို​လျှောက်သွားနိုင်သည့် Cale ကိုကြည့်ရင်းသူတို့မှာအံ့အားသင့်သွားကြ၏။

Hilsman သည်လည်းထိုအချင်းအရာအားတအံ့တဩ​ငေးကြည့်​နေခဲ့ရာမှ Cale လက်ထဲမှပုလင်းလွတ်တစ်လုံးကို​​တွေ့​တော့ သူသည်အလန့်တကြားဖြင့်​နောက်မှ​ပြေးလိုက်​တော့သည်။

"သ-သခင်​လေး!"

"ဘာလဲ?"

"​ကျေးဇူးပြုပြီး အရင်အဲ့ပု-ပုလင်း​လေးကိုချလိုက်ပါ​နော်......!"

"အာ"

"သူမှာ​မေ့​လျော့သွားခဲ့၏။

ပုလင်းတစ်လုံးအားသူလက်ထဲပါလာသည်ဆိုသည်အား သူသည်​မေ့သွားခဲ့ရပါသည်။

ဝှစ်။

Cale သည်ပုလင်းအား​မြှောက်လိုက်၏။

"အား!"

လွန်ခဲ့သည့်နှစ်နှစ်ဖြစ်ခဲ့​သောကိစ္စရပ်တစ်ခုအား Hilsman သည်သွားအမှတ်ရသည်။ Henituse နယ်​မြေအတွင်းမှလူဆိုးလူမိုက်အုပ်အားပုလင်းများဖြင့်ပစ်​ပေါက်ခဲ့​သောအမိူက်သရိုက်အားသူသည်သွားအမှတ်ရခဲ့ပါသည်။ ထိုအချိန်က ​လိုက်လံပြီး​ဖြေရှင်းခဲ့ရသူမှာ Hilsman ပင်ဖြစ်ပါ၏။

"...သခင်​လေးမူး​နေတာလား?"

"ဟမ်?"

Cale သည် Ron ဆီသို့ပုလင်းအားလှမ်းမ​​ပေးလိုက်ခင် လက်နှစ်ဖက်လုံးအား​လေ​ပေါ် ​မြှောက်ထား​သော Hilsman အားမျက်​​မှောင်ကြုတ်ရင်းစိုက်ကြည့်လိုက်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Место, где живут истории. Откройте их для себя