မေကုန်းချင်

Start from the beginning
                                    

ထိုအချိန်တွင် ဝေးကွာသည့်အခြားတစ်နေရာမှ ဗျပ်စောင်းတေးသွားများ ရုတ်တရက် ထွက်ပေါ်လာသည်။  သာယာပျော်ရွှင်ဖွယ်ကောင်းသောထိုတေးသွားများက  တောင်တန်းမြင့်များ ၊ ကွေ့ကောက်နေသည့်စမ်းချောင်းများ အစရှိသောအရာခပ်သိမ်း၏နိယာမဆန်သည့် အထွတ်အထိပ်ပုံကို ရေးခြယ်ကြလေ၏။

လူအုပ်ကြီးက ချက်ချင်းပင် အသံလာရာဘက်သို့ ရွေ့လျားသွားကြသည်။ချန်ဝေ့နှင့် အခြားမိန်းကလေးများသည်လည်း အသံနောက်သို့ လိုက်ရန် မတ်တပ်ထလိုက်ကြလေ၏။၄င်းတေးသွားမျိုးအား ဝမ်ချီလန်တစ်ဦးတည်းသာ တီးခတ်နိုင်သည်။

သူမ မသိလိုက်ခင်မှာပင် ချန်ရုံ၏ပတ်ပတ်လည်၌  နေရာလွတ်များဖြင့် ပြည့်နှက်သွားခဲ့၏။

ချန်ရုံကခေါင်းငုံ့ကာ ဗျပ်စောင်းကြိုးများအား တီးခတ်ပြီးနောက်တွင် ခပ်ယဲ့ယဲ့လေးပြုံးလျက် ကျောက်ဖြူသားသကဲ့သို့ဖြစ်သည့် လက်ချောင်းတို့အား ကြိုးများပေါ်မှ ပြန်လည်ရုတ်သိမ်းလိုက်သည်။

ကနဦးက သူမအား မေးခွန်းထုတ်ခဲ့သောတစ်ယောက်မှာ

ထိုအခြင်းအရာကိုမြင်သွားပြီး ရယ်မောလေတော့၏။

"သခင်မလေး ... ဘာလို့ တုံ့ဆိုင်းနေတာလဲ"

ထိုအချိန်တွင် ချန်ရုံက ဗျပ်စောင်းအား အထိန်းတော်ဖျင်ထံသို့ ပြန်လည်ကမ်းပေးလိုက်ရင်း တစ်ကိုယ်တည်းအတွေးများနေလေသည်။

သူမ၏တေးသွားက အာရုံစိုက်ဖွယ်ရာကောင်းလှသော်လည်း လန်ယာဝမ်ချီ၏အရှေ့၌တီးခတ်လျှင်ချို့ယွင်းချက်အပေါင်းအား မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်နေလိမ့်မည်။ထိုမျှသာမက အခြားသူ၏တီးခတ်ဖျော်ဖြေမှုအား ဝင်နှောင့်၍ မည်သည့်ကောင်းကျိုးရှိမည်နည်း။

" ကောင်းကင်ဘုံသီချင်း ရှိနေပြီပဲ ...  ဝမ်းနည်းမှုကို  ဖြေဖျောက်ဖို့ လုံလောက်ပါပြီ "

တစ်ဖက်လူမှာ စကားလုံးများပျောက်ရှပြီး ဆွံ့အသွားခဲ့သည်။ငြင်းခုံခြင်းအားကိုးကွယ်သော ဤလိုခေတ်ကြီးတွင် တစ်ပါးသူအတွက် အဖြေမရှိသည့်စကားများကို ပြောဆိုနိုင်ခြင်းမှာ လေးစားထိုက်သော အရည်အချင်းတစ်ခုပင်ဖြစ်၏။

မေကုန်းချင်Where stories live. Discover now