လော့ဝမ်ချွမ်းက မတ်တပ်ရပ်ပြီး ချီယုကို အေးစက်စွာကြည့်လိုက်သည်။

" ငါမင်းကို ဆေးရုံမှာ မထိုးပစ်ချင်ဘူး... နောက်မှ မင်းတို့ ချီမိသားစုနဲ့ ဒီကိစ္စကို လာရှင်းမယ်..."

လော့ဝမ်ချွမ်းက စူးစူးရဲရဲစိုက်ကြည့်နေ၍ ချီယု ဘာမှမပြောရဲတော့ပေ။

ချီယင်နှင့် ယွီဝမ်က ယွမ်ချန်ရှန့်ဘေးသို့ လျှောက်လာပြီး စိတ်ပူဟန်ဆောင်ကာ မေးလိုက်သည်။

" ရှင်းကျဲ အဆင်ပြေရဲ့လား..."

" ဆရာဝန်ပြောတာတော့ ဂလင်းက အကောင်းအတိုင်းပြန်မဖြစ်တာလည်း ဖြစ်နိုင်တယ်တဲ့..."

ချင်ရွှမ်းက တည်ငြိမ်စွာသာ တုံ့ပြန်လိုက်သည်။

" စိတ်မကောင်းစရာပဲ..."

ယွီဝမ် သက်ပြင်းချလိုက်သည်။ ထို့နောက် သူမက ချင်ရွှမ်း၏လက်ကိုကိုင်ကာ နှစ်သိမ့်လိုက်သည်။

" ချင်ရွှမ်း စိတ်မပျက်ပါနဲ့ ရှင်တို့မှာ အယ်လ်ဖာသားတစ်ယောက် ရှိသေးတာပဲ..."

" ကျွန်မ စိတ်မပျက်ပါဘူး... စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်..."

ချင်ရွှမ်းက သူမလက်ကို အသာပြန်ဆွဲလိုက်သည်။

" ကျုပ်တို့တွေ ရှင်းကျဲကို သဘောကျပါသေးတယ်... သူ့လိုမျိုး အမှီအခိုကင်းပြီး ထူးချွန်တဲ့အိုမီဂါမျိုးက ရှားတယ်လေ..."

ချီယင် လည်ချောင်းရှင်းပြီး ယွမ်ချန်ရှန့်ကို ပြောလိုက်သည်။

ယွမ်ချန်ရှန့်စိတ်ထဲတွင် နိမိတ်မကောင်းသည့် တစ်စုံတစ်ရာကို ခံစားမိလာသည်။

" ဒါပေမဲ့လည်း..."

ချီယင်က စကားကိုချက်ချင်းပြောင်းလိုက်သည်။

" သူ ဂလင်းကို ဖြတ်ထုတ်လိုက်တယ်ဆိုတည်းက ကျုပ်တို့မိသားစုနှစ်ခုကြားမှာ ရေစက်မရှိတော့ဘူးဆိုတဲ့သဘောပဲ..."

" ရှင်းကျဲ နိုးလာတဲ့အထိ စောင့်ပါဦး... ကျွန်တော့်ခွင့်ပြုချက်မရှိပဲ ဆုံးဖြတ်ချက်တွေ ချမနေပါနဲ့..."

ချီယု အံကြိတ်ကာ ပြောလိုက်သည်။

ယွမ်ချန်ရှန့်လည်း မျက်မှောက်ကြုတ်လိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now