"ကိုကြီးအကြာကြီးတယောက်တည်းပစ်ထားသလို
ဖြစ်သွားတာဆော်ရီးနော် မွမွ"

"ရပါတယ်မပျင်းပါဘူးမေးလ်တွေစစ်နေတာ"

"နွယ်နေကောင်းနေပါပီအလုပ်ပြန်ဝင်တော့လေ"

"မဝင်ပါဘူးကိုယ့်အချစ်ဆေးကုတာဘာညာလုပ်တာတွေအကုန်ပီးလို့ကိုယ့်အချစ်ကျန်းမာရေးကစိတ်ချရပီနေကောင်းပီဆိုမှအလုပ်ပြန်လုပ်မှာ"

ပြောပြောဆိုဆိုဖြင့်လက်ရုန်းရင်ခွင်ထဲဝင်ကာချွဲနေသောအကြည်ဓါတ်လေးရဲ့နှုတ်ခမ်းကိုစုပ်ယူနမ်း
လိုက်သည်။

ယု နေသွေးဆီကဘာသတင်းမှမရလို့ နွယ်လေး
တက်သည့်ဆေးရုံသို့လာလိုက်သည်။ရုန်းကအပြင်
သတင်းမေးသူများလက်မခံဘူးလို့ပြောထားလို့အခန်းနံပါတ်ကိုတော်တော်စုံစမ်းလိုက်ရသည်။ဘာလုပ်
ရင်ကောင်းမလဲစဉ်းစားနေတုန်းဘေးကcasher က
ကောင်မလေး၂ယောက်က

"ဟဲ့ 403ကလူနာကဘောစိဆို"

"ဟယ်စိတာမှဟယ် ယောက်ကျားလုပ်သူကသူ့မိန်းမအတွက်အိမ်ဖော်လေး၂ယောက်ကိုတခန်းထားတာဟ"

"ဟဲ့သူတို့VIP ROOMကဒီလောက်ကျယ်တာကိုဘာလို့ကောင်မလေး၂ယောက်ကိုသပ်သပ်ထားတာလဲ"

"ဟဲ့အဲ့ဘောစိကသူ့မိန်းမကိုသဲသဲလုပ်တဲ့ သူတို့လင်မယားသီးသန့်နေချင်လို့တဲ့ ဟိုနေ့ကတာဝန်ကျဆရာမလေးကအခန်းတံခါးမခေါက်ပဲဝင်သွားတာ သူ့မိန်းမကိုပေါင်ပေါ်ပွေ့ထားပီးနမ်းနေတာတဲ့အဲ့ဆရာမတွေကိုတောင်အဲ့ဘောစိကဆူလိုက်တယ်တဲ့တံခါးမခေါက်လို့တဲ့"

"ဟယ်အဲ့လောက်ချစ်နေတာညားခါစထင်တယ်"

"ဘယ်ကသာသမီးအမွှာလေးတွေတောင်၄နှစ်
အရွယ်ဖြစ်နေပီ"

"ဟယ်အဲ့သူဌေးကတော်လေးကံကောင်းတာပေါ့
အချစ်ခံလေးဆိုတော့လေ"

ယုမှာသတင်းရမလားနားထောင်ပါတယ်သွေးတက်စရာသတင်းကြားပီးသက်ဆိုးရှည်နေတဲ့နွယ်ကသစ်ကိုပဲမေတ္တာပို့မိတော့သည်။

"ဟဲ့ဟိုကောင်မလေးကအဲ့ဘောစိအိမ်ကမလား"

"အေးဟုတ်တယ်"

ယုသူတို့ပြောတဲ့ကောင်မလေးကိုကြည့်တော့ဆေးရုံလှေကားနောက်ဝင်သွားလို့မယောင်မလည်လိုက်သွားတော့

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now