"ဟင်...အာ..ဟုတ်ကဲ့"
လက်ထဲထိုးပေးလာတဲ့ ဖုန်းနံပါတ်ေလးကို အသာ လှမ်းယူလိုက်သည်။ ပီးတော့ လှည့်ထွက်သွားတဲ့ ကျောပြင်ကိုကြည့်ရင်း အသက်ကိုပြင်းပြင်းရှူသွင်းမိသည်။
ဆေးရုံရှေ့က အအေးဆိုင်မှာ မင်းမုန်းရဲထိုင်နေမိသည်။ ကေသီသာဦး ကိုစိတ်ပူလွန်းလို့တော့မဟုတ်ပေမယ့် တချို့အကြောင်းလေတွေကြောင့်ပေါ့။
အမှန်ဆို ဒီတိုင်းထားပြီးပိုက်ဆံယူကာပြန်ခဲ့လိုက်မှာပေမယ့် အခုကဆက်ရန်တွေရှိသေးသည်။
📳တီ..တီ!
မင်းမုန်းရဲဖုန်းကို ဖုန်းစိမ်းတစ်ခုဝင်လာသည်။
နှုတ်ခမ်းထပ်က မဲ့ပြုံးလေးကလည်းလှပစွာပေါ်လာသည်။
*Hello*
"အင်း"
*ဟို...လူနာ...သတိရလာပြီလို့လှမ်းအကြောင်းကြားတာပါ*
"အင်း"
*ဟုတ်ကဲ့ ဖုန်းချလိုက်တော့မယ်နော်*
"နေအုန်း"
*ဟုတ်*
"ဒါ ခများဖုန်းလား "
*ဟုတ်ကဲ့*
"အင်း "
အလင်းသစ်မှူး ရင်ဘတ်ကိုဖိကာ ပြောနေရသည်။ ဖုန်းထဲကနေတဆင့် ကြားရတဲ့သူအသံကအစ ခက်ထန်မာကြောလွန်းသည်။
ကျသွားပြီဖြစ်တဲ့ဖုန်းကို စာပွဲပေါ်တင်လိုက်ပြီး လူနာကြည့်ရန်ထွက်လာခဲ့လိုက်တော့သည်။
....
မင်းမုန်းရဲအခန်းထဲ ဝင်လာတော့ ကေသီသာဦး က မျက်နှာလွှဲသွားသည်။
အနားထိသွားကာ ခုံတစ်ခုကိုယူထိုင်လိုက်ပြီး ခုံကိုကျောမှီကာ လက်ပိုက်ထိုင်နေလိုက်သည်။
ဆယ်မိနစ်လောက်ကြာတဲ့အထိ မင်းမုန်းရဲဘက်က ဘာစကားတစ်ခွန်းမှမပြောတော့ ကေသီသာဦး သူ့ဘက်မျက်နှာပြန်လှည့်လာသည်။
"မင်း...မမကို ဘာမှမပြောတော့ဘူးလားကွာ"
ပြောရင်းမျက်ရည်ကျလာသော သူမအား မင်းမုန်းရဲ စူးစိုက်ကြည့်လိုက်ပြီး
YOU ARE READING
မောင့်အမုန်းတော်ခံ
Non-Fictionမောင့်ရက်စက်ခြင်းတွေနဲ့ နေသားကျအောင်ကြိုးစားနေထိုင်ပါ မောင့်အချစ် မောင်အမုန်းတရားတွေအပြည့်နဲ့ မင်းဘဝ အမြဲငိုကြွေးစေချင်လိုက်တာကလေးရာ
အပိုင်း ၇
Start from the beginning