အပိုင်း {၂} (UNICODE)

Почніть із самого початку
                                    

မပြောမဆိုနှင့် လှိုင်း၏ လက်ကို ဆောင့်ဆွဲကာ အိမ်ကြီးဘက်သို့ ဆွဲခေါ်လာသည့်အတွက် လှိုင်း ဟန့်တားချိန်ပင် မရလိုက်ဘဲ ဆွဲခေါ်လာရာနောက်သို့ ထက်ကြပ်မကွာ လိုက်လာမိသည်။ တင်းတင်းဆုပ်ကိုင်ခံထားရသည့် လက်၌ သက်ရောက်နေသည့် အားကြောင့် လှိုင်းဆီသို့ နာကျင်မှုသည်လည်း မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည်။ နာကျင်နေသော်လည်း အင်အားချင်း မမျှသည်ကို မသိစိတ်ကပင် နားလည်သဘောပေါက်နေသည့်နှယ် ဆုပ်ကိုင်ထားသော လက်မှ မရုန်းထွက်ဖြစ်။

"အန်းမား"

အိမ်ထဲသို့ ဝင်လျှင်ဝင်ချင်း ဧည့်ခန်း၌ ရုပ်ရှင် ကြည့်နေသည့် ဒေါ်သီတာကို တွေ့လိုက်ရသဖြင့် မာန် ဧည့်ခန်းထဲသို့ တန်းဝင်လာလိုက်မိသည်။ သူ၏ ခေါ်သံကြားရာ တီဗီ ကြည့်နေသည့် ဒေါ်သီတာက သူ့ကို ကြည့်လာသည်။ ပြုံးနေသော မျက်နှာသည် မာန့်နောက််မှ ကိုးရိုးကားယားဖြင့် ပါလာသည့် လှိုင်းကို မြင်သည်နှင့် ရုတ်ချင်း တည်သွားလေသည်။

"သူက ဘယ်လိုလုပ် အိမ်ကို ရောက်နေတာလဲ အန်းမား။"

"မြေးပါပါး ခေါ်လာတာ မာန်လေးရဲ့။ သူ့ကို ကျောင်းဆက်ထားပေးမလို့တဲ့။"

"ဘာလို့လဲ အန်းမားရဲ့။ သူ ကျောင်းတက်မဲ့ ကိစ္စက ပါပါးနဲ့ ဘာဆိုင်သလဲ။"

"သူ့အိမ်က ကျောင်းထွက်ခိုင်းမယ် လုပ်နေလို့ ဆိုပြီး မြေးလေးရဲ့ အဖေကတော့ ပြောတာပဲ။ အဲ့တာနဲ့ သူ့မိသားစုကို လတိုင်း ပိုက်ဆံ ထောက်ပံ့ပြီး ဒီကလေးကို အိမ်ခေါ်လာတာ။"

"ဘယ်လို ... ပိုက်ဆံထောက်ပံ့ပြီး အိမ်ခေါ်လာတယ် ဟုတ်လား အန်းမား။ ဟိတ်ရောင် ..မင်း ငါ့အဖေဆီက ပိုက်ဆံ ယူတဲ့အပြင် အိမ်ပေါ်ထိ တက်နေနေတာ အရှက်မရှိဘူးလား ..ဟမ်။"

ဆွဲလာသည့် လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး နောက်သို့ လှည့်လာကာ မေးသည့် မာန်၏ ခပ်ဆတ်ဆတ် အမေးကြောင့် ဘယ်အချိန်ကတည်းက မာန့်ကို ကြည့်နေမှန်း မသိသည့် မျက်ဝန်းညိုများကို လှိုင်းသည် ခေါင်းငုံ့ကာ လွှဲဖယ်လိုက်သည်။ သူ တကယ် အရှက်မဲ့နေလေသလား ဆိုသည်ကို လှိုင်း ကိုယ်တိုင်ပင် မသိတော့။ ဖွေးနုနေသော ပါးများ ရဲတက်လာသည်အထိ ဒေါသထွက်နေသည့် မာန့်ကြောင့် လှိုင်း၏ လက်ဖျားများ အေးစက်လာရသည်။ ဝန်မခံချင်ပေမဲ့ သူနှင့် ရွယ်တူ ဖြစ်သည့် မာန့်ကို လှိုင်း ကြောက်နေမိပြီ။ တစ်ချိန်တည်းမှာပင် အားနာစိတ်လည်း ဖြစ်နေမိ၏။ သူ့ကြောင့်နှင့် ရွှေပေါ်မြတင် မင်းသားလေး စိတ်သောက ရောက်ရတော့မည့် အရေးကို ပြေးကြည့်စရာ မလို ၊ တွေးကြည့်ရုံဖြင့် သိနေလေတော့ အကြည့်တို့ကို ရင်မဆိုင်ရဲ ဖြစ်နေရသည်။

လမင်းခြေသံ { Completed }Where stories live. Discover now