'ခြယ်ကလဲသိပ်မစောပါဘူး မနက်ကလဲဂန်ဟန်ကတမင်ထတာမဟုတ်ပါဘူး ဒီတိုင်းအိပ်ယာအပြောင်းအလဲဆိုအသားကျဖို့အချိန်ယူရလို့ မနက်ဆိုစောနိုးနေတာပါ'

'ဘယ်ချိန်ထတာလဲလို့မေးနေတယ်လေ'

လေသံမာမာနှင့် မေးလိုက်သောကြောင့် လက်ထဲကပေါင်မုန့်ပါအောက်ပြုတ်ကျသွားသည်။

'၅ခွဲလောက်ကမှပါ'

'တွေ့လားဒီလောက်အစောကြီး။ပုံမှန်အဲ့လိုထနေကြလူလဲမဟုတ်ပဲ ခြယ့်ဆီရောက်မှဒုက္ခများနေရတယ်'

'ဂန်ဟန်လဲသူ့ဟာသူမျက်လုံးကပွင့်လာတာနဲ့မအိပ်ချင်တော့လို့ ထတာပါ။တမင်ထတာမဟုတ်ဘူး။အိပ်ရေးလဲဝပါတယ်။ကဲပါ လာ မျက်နှာသွားသစ်ပြီးမနက်စာတူတူစားကြမယ်'

မီးဖိုချောင်အပေါက်ဝတွင်ရပ်နေကာ ထိုးလိုက်သည့်မျက်စောင်းကလေးတစ်ချက်ကြောင့် သူမလက်ကလေးကိုဆွဲကာ ရေချိုးခန်းထဲမျက်နှာသစ်ဖို့ဆွဲခေါ်သွားလိုက်၏။

မနက်စာစားအပြီး ဘုရားရှိခိုးနေသည့်'ခြယ့်'အတွက် မီးဖိုချောင်ထဲကဇကာတောင်းအဖြူလေးယူကာ နောက်ဖေးပေါက်မှခြံထဲသို့ထွက်လာခဲ့သည်။ခြံစည်းရိုးအပေါ်ထိကပ်ကာပွင့်နေကြသော စံပယ်ရုံရှိစံပယ်အနံ့များက တစ်ခြံလုံးလှိုင်လှိုင်မွှေးကာဖွေးနေပါ၏။ပန်းတွေကိုမြင်တာနဲ့'ခြယ့်'ကိုခူးပေးချင်လာသဖြင့်
အနားသို့ကပ်ကာ ပန်းခူးခြင်းလုပ်ငန်းကိုစတင်ပြန်သည်။'ခြယ့်'အတွက်ဆိုလျှင်အားရခြင်းအမှုရှိပုံမပေါ်၊ဘယ်တော့မှလည်းမရောင့်ရဲနိုင်ပါ။နောက်ဖေးခြံထောင့်ရှိမြင့်မားစွာရှိနေသော ခရေပင်ကြီးအောက်သွားကာ မြေပေါ်သို့ကျနေသော အပွင့်ကြီးကြီးခပ်လန်းလန်းခရေပန်းများကိုထပ်ကောက်သည်။ထိုစဉ်'ခြယ်'ကရောက်လာပြီး 'မိုးနှောင်း....ကောက်လှချည်လား' ဟုအနောက်ကနေပုခုံးကိုလက်နှင့်တို့ကာပြောသည်။

'တို့လဲကူကောက်ပေးမှာပေါ့။စံပယ်တွေကရောဘုရားကပ်မလို့လား'

ဟီးဟီးဆိုသည့်အမူအရာနှင့်ခေါင်းခါပြလိုက်တော့

'ဟင် ဒါဆိုဒီလောက်အများကြီးကိုဘာလုပ်မလို့လဲ။ပြန်ရောင်းစားလို့တောင်ရတယ်'

You've reached the end of published parts.

⏰ Last updated: Jun 25, 2023 ⏰

Add this story to your Library to get notified about new parts!

"ခြယ်"Where stories live. Discover now