လွန်ခဲ့သော 16နှစ်ခန့်............
မှိုင်းပြပြမိုးသားတွေရဲ့ အလွန်မှာဆွေးမြေ့သောမျက်လုံးများဖြင့် ကော်ဖီခွက်ကိုနဒီစိုက်ကြည့်နေသည်။
"နဒီနင်သေချာစဉ်းစားနော်ကလေးတစ်ယောက်တာဝန်ဆိုတာလွယ်တာမဟုတ်ဘူး နင့်အသက်ကခုမှသုံးဆယ်လေဟာ နင်လုပ်ချင်သမျှအခွင့်အလမ်းတွေအကုန်ဆက်လုပ်လို့ရပါသေးတယ်ဟ"
ကော်ဖီရဲ့ဖန်ခွက်အစွန်းလေးအားနဒီကိုင်ကာ နူးညံ့သောအပြုံးအားပြုံးမိသည်။
"အင်း သေချာပါတယ် ကလေးမရနိုင်တဲ့ငါ့အတွက် ခင်ပွန်းသည်က စွန့်ခွာသွားလဲ ငါပါ့သာငါတော့ ကလေးတစ်ယောက်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင်တော့ငါပြုစုနိုင်ပါတယ် ပြီးတော့ငါ့အချစ်တွေမေတ္တာကို အခုမွေးစားမဲ့ကလေးကိုပဲပေးချင်တယ်"
"အင်းပါလေ နင်စိတ်ခိုင်မာရင်ပြီးတာပါပဲ"
"အင်းငါကလွယ်လွယ်မပျော့ညံ့တတ်တာနင့်အသိပဲဟာကို"
"ဟုတ်ပါတယ် ငါသိပါတယ် ဒါပင်မဲ့ဒီလမ်းကနောက်ဆုတ်လို့လဲမရတာကိုနင်လဲသိသင့်တယ်"
"ငါသိပါတယ် ကဲပါလေ ငါတို့သွားကြရအောင်မိုးရွာရင်ကားမောင်းဖို့အဆင်မပြေနိုင်ဘူး"
ပြောပြောဆိုဆိုပင် ထိုင်နေရာမှထထွက်သွားသော သူ့သူငယ်ချင်း ဒေါ်နဒီမာလာ အား ခင်မြချို ကြည့်နေမိသည်။
*အင်း ခြေလှမ်းတွေကလဲပြတ်သားလို့ပါလားး*
________________________"ဪ အမတို့လာကြပြီလား ကလေးတွေကတော့ အိပ်ချိန်မလို့ အိပ်နေကြပြီ သူတို့အိပ်ခန်းထဲကိုလိုက်ခဲ့ပါ"
အရှေ့က Babysitter ခေါ်ဆောင်ရာနောက်ကို နဒီနှင့် ခင်မြချိုတို့လိုက်သွားသည်။
ကလေးများအားလုံးဟာ ငြိမ်သက်စွာအိပ်စက်နေကြသည်။
သို့သော်
တစ်ဦး၊တစ်ယောက် မိုးသံများနှင့်အတူသီးသန့်အခန်းမှာ အလွန်ပင်ဝမ်းနည်းစွာငိုကျွေးနေသည်။"ညီမဟိုအခန်းထဲကကလေးငိုသံကြားတယ်နော်"
"ဟုတ်တယ်အမ အဲ့ကလေးကတစ်နေ့ကမှရောက်တာလေ သူကအဲ့လိုပဲမိုးတွေရွာတာနဲ့ ငိုတတ်တယ် ဘယ်လိုမှချော့လို့လဲမရဘူးရယ် နောက်ဆုံးတခြားကလေးတွေနဲ့ခုလို မိုးသည်းတဲ့အချိန်တွေဆိုခွဲသိပ်ရတာပဲ ဒါပင်မဲ့လဲမအိပ်ပါဘူးအမရယ်"
आप पढ़ रहे हैं
𝘛𝘩𝘦 𝘙𝘢𝘪𝘯𝘥𝘳𝘰𝘱𝘴 𝘖𝘧 𝘝𝘪𝘰𝘭𝘪𝘯
रोमांसတို့ရဲ့အချစ်တွေကိုဆေးလိပ်အဖြစ်တန်ဆာဆင်ရင် အငွေ့အသက်တွေကြားမင်းမွန်းကြပ်မှာပေါ့မောင်