Chapter 42

500 44 0
                                    


Chapter - 42

ရက်အနည်းငယ်အကြာ အရာရှိဒတ်စ်တာအမဲလိုက်ရာမှ ပြန်လာချိန်တွင် အံ့အားသင့်ဖွယ်ဇာတ်လမ်းကို ကြားလိုက်ရသည်။

"ဒါဆို ဘယ်တုန်းကဖြစ်တာလဲ?"

"သုံးရက်ရှိသွားပါပြီ အရာရှိမင်း"

အရာရှိသည် မြို့စားမင်းက သူပိုင်သည့်နေရာတွင် အာဏာပြသွားသည်ကို မယုံနိုင်ဖြစ်နေသည်။

"ပြီးတော့ ရွာလူကြီးရဲ့သား ချားစ် ကလည်း အကျဉ်းချခံထားရသည်လို့ ပြောနေကြပါတယ်"

"ဘာတွေလဲဟ..."

အရာရှိ၏ မျက်နှာရိပ်မျက်နှာကဲမှာ စိုးရိမ်ကြောင့်ကြဟန် ပေါ်နေသည်။ ဘန် သည် မြို့စားမင်းဖြစ်ခဲ့လျှင်ပင် ဤနယ်မြေသည် အရာရှိဒတ်စ်တာအပိုင်ပင်ဖြစ်သည်။ ဘုရင်၏ နယ်မြေပိုင်နက်ရေးရာဥပဒေများအရ မိမိအုပ်စိုးပိုင်ဆိုင်သည့်‌ ပိုင်နက်ပေါ်တွင် အုပ်ချုပ်သည့် အရှင်သည် ဘုရင်မင်းမြတ်၏ အာဏာနှင့်ထပ်တူပင်ဖြစ်သည်။ ယခုနေရာသည် အရာရှိဒတ်စ်တာ၏ နယ်မြေဖြစ်သဖြင့် ဘုရင်မင်းမြတ်နှင့် အရာရှိမှလွဲလျှင် မည်သူမှ အာဏာပြ အသုံးချခွင့်မရှိချေ။

အရာရှိဒတ်စ်တာမှာ မြို့စားကြီးကိုင်လို့စ်၏ သစ္စာတော်ခံဖြစ်ရကား  အဘယ့်ကြောင့် မြို့စားမင်းရှောဗာစ့်သည် သူ၏ စစ်သည်ရဲမက်များကို မိမိ၏ နယ်ပိုင်နက်ပေါ်သို့ ခေါ်ဆောင်လာရဲရပါသည်နည်း...ယခုအပြုအမူမှာ အရာရှိဒတ်စ်တာကိုသာမက မြို့စားကြီးကိုင်လို့စ်ကိုပါ မထီမဲ့မြင်ပြုလိုက်သလိုပင်ဖြစ်သည်။



"ငါ မြို့စားကြီးနဲ့ အခုချက်ချင်းသွားတွေ့မယ်"

အရာရှိသည် ဤသို့ မထီမဲ့မြင်ပြုမှုကို မျက်ကွယ်မပြုနိုင်။ သို့သော် သူ၏ပြိုင်ဖက်သည် မြို့စားမင်းဖြစ်နေသည်။ သူ့လိုအရာရှိအနေဖြင့် မည်သို့မျှ သူယှဉ်ပြိုင်ရင်ဆိုင်၍မရနိုင်။ ထို့ကြောင့် သူ အတိအလင်းဆန့်ကျင်ရန်အတွက် နောက်ခံ အထောက်အပံ့ကောင်းကောင်း လိုအပ်နေသည်။

"ဝင်လာခဲ့"

အရာရှိဒတ်စ်တာသည် မြို့စားကြီးကိုင်လို့စ်၏ လက်ထောက်က တံခါးဖွင့်ပေးလိုက်သောအခါ ဧည့်ခန်းထဲသို့ဝင်လာခဲ့သည်။

အဓိကဇာတ်လိုက်က ငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now