Chapter 8

816 74 0
                                    

Chapter 8

ကျယ်ဝန်းသော အိပ်ခန်းထဲတွင်.......

"အခြေအနေ ဘယ်လိုလဲ…"

ကြမ်းပြင်ကို ဖောက်ထွင်းသွားသလိုမျိုး လေးနက်သည့် လေသံတစ်ခု ထွက်လာသည်။

အားချန် က သူ့သခင်ကို တောင်းပန်ပြီး ခေါင်းငုံ့ထားလိုက်သည်။

"တောင်းပန်ပါတယ် သခင်…ကျွန်တော်တို့ ရှာတွေ့ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်…"

"မင်း အလုပ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်တော့ဘူးလား…"

သခင်ဖြစ်သူ၏နှုတ်က ဝေဖန်သံများဖြင့် ပြည့်နှက်နေသည်။ အားချန် က "တောင်းပန်ပါတယ် သခင်" ဟု ထပ်ခါတလဲလဲ ပြောရင်း ယိုကျိုးနေတော့သည်။

"ဘာလို့ ခုထိ မတွေ့ရသေးတာလဲ…"

ကျယ်ဝန်းလှသော ဆိုဖာပေါ်တွင် ထိုင်နေသည့် သခင်သည် အားချန် ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ရက်စက်ကြမ်းကြုတ်သော ခရမ်းရောင် မျက်လုံးများတွင် စာနာမှု တစ်မှုန်မျှပင် မရှိခဲ့ပေ။

"အမြန်ဆုံး ရှာတွေ့ဖို့ ကြိုးစားပါ့မယ်…"

အကယ်၍ တခြားလူတစ်ဦးဆိုပါက သခင့်အမေးကို မတုန်လှုပ်ဘဲ ဖြေနိုင်မည်မဟုတ်ပေ။ အားချန် သည် သူ့သခင်ကို ဆယ်စုနှစ်များစွာ သိလာသူဖြစ်သောကြောင့် ပြောနိုင်ခြင်းပင်။

သို့သော် သူ့ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရ၏။  သခင်ဖြစ်သူနှင့် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်လာခဲ့သည့်တိုင် ကြောက်ရွံ့နေဆဲပင်။အားချန်၏ သခင်ဖြစ်သူသည် လူများကို ၂မျိုးခွဲထားသည်။သူ့အတွက် အသုံးဝင်သူနှင့် အသုံးဝင်သူဟူ၍ ဖြစ်၏။

"အသုံးကို မကျဘူး…"

အားချန် ၏ သခင်သည် ကျယ်ဝန်းသော ကုတင်ပေါ်တွင် လှဲအိပ်နေသော လူတစ်ယောက်ကို မကျေမနပ်စိုက်ကြည့်နေသည်။

လူငါးယောက်အိပ်၍ရသော king sized ကုတင်ပေါ်တွင် လူတစ်ယောက်ငြိမ်သက်စွာ တွေးတောနေဟန်ရှိသည်။  သူသည် မကျန်းမာသောကြောင့် ဖြူဖြူဖွေးဖွေး စောင်အသစ်က သူ့လည်ပင်းအထိ ခြုံလွှမ်းထားသည်။ ဖြူဖျော့သော နှုတ်ခမ်းများသည် နဂိုအရောင်ပျောက်နေပြီး ပြာနှမ်းနေတော့သည်။မျက်နှာမှာလည်း ပါးရိုးများငေါထွက်နေကြရာ အစာမစားရသူကဲ့သို့ပင်။ သို့သော် သူ့ အသားအရည်မှာ တောက်ပနေသဖြင့် သူ့ကို ကောင်းစွာ ဂရုစိုက်ကြောင်း ပြသနေသည်။ သူ၏ အနက်ရောင် ဆံပင်များကလည်း စောင်လွှာတစ်ထည်ကဲ့သို့ အဖြူရောင်ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေသည်။ထို့အပြင် ဆောင်းဦးရွက်များ မြေပြင်ပေါ်သို့ ကြွေကျလာသလို ညင်သာတိုးညှင်းလှသော အသက်ရှုသံမှာ အားနည်းလွန်းသဖြင့် အချိန်မရွေး သေဆုံးသွားနိုင်ပေသည်။ယ‌နေ့ည၌ သူ အသက်ဆုံးရှုံးခဲ့လျှင် ထူးဆန်းမည်မဟုတ်ပေ။

အဓိကဇာတ်လိုက်က ငါ့ကိုစွဲလန်းနေတယ်Kde žijí příběhy. Začni objevovat