Chapter 5

911 81 0
                                    

Chapter 5

"ကျေးဇူးတင်ပါတယ်…"

ဘန်က ဟင်းချိုအပြည့် ခပ်ထည့်ထားသော တစ်ပန်းကန်လုံး သောက်ပစ်လိုက်သည်။

ဆာစီးနီယာသည် အိမ်ရှိ အကြီးဆုံးပန်းကန်ကို ဘန်အား ပေးခဲ့သော်လည်း ချက်ချင်းပင် ပန်းကန်မှာ ပြောင်သလင်းခါသွားရသည်။

သူ့ပန်းကန်နှင့်မတူဘဲ ဆာစီးနီယာ၏ ပန်းကန်ထဲမှ ဟင်းချိုတစ်ဝက်ကျော်မှာ ကျန်နေသေးလေသည်။ စောစောက ပေါင်မုန့်ချောင်း အနည်းငယ်စားပြီးပြီမို့ သူမ ဗိုက်မဆာပေ။

သို့သော် သူ့ပေါင်မုန့်ချောင်း အားလုံးကိုစားပစ်လိုက်သော ဘန်မှာ ဗိုက်ပြည့်သေးပုံမရပေ။

ဆာစီးနီယာ က ကျန်နေသော သူမပန်းကန်ထဲမှ ပေါင်မုန့်ချောင်း လေးခုကို သူ့ရှေ့ထိုးပေးလိုက်သည်။

"အင်း…ရပါတယ်…"

ဘန် က ပြောသာပြောသော်လည်း ပေါင်မုန့်ချောင်းများမှ မျက်လုံး မခွာနိုင်ဖြစ်နေသည်။ကြည့်ရသည်မှာ ပေါင်မုန့်ကို သူ ကောင်းကောင်း မစားဖူးဘူး ဖြစ်မည်။

"ငါ ဗိုက်ပြည့်ပြီ…အကျန်‌တွေ သွန်ပစ်ရရင် မကောင်းဘူး…ငါ့ကို ကူပြီး စားပေးနော်…"

ဆာစီးနီယာ သည် မရိုးသားဘဲ အမြဲဖုံးကွယ်တတ်သည့် ဘန်၏ အကျင့်ကို တဖြည်းဖြည်း သိလာရသည်။

'နင်က ဗိုက်ဆာနေသေးလို့ များများစားရမှာ…'

ထို့အပြင် ဆာစီးနီယာ လည်း စားချင်စိတ်မရှိလောက်အောင်ပင် ဗိုက်ပြည့်နေပေပြီ။သူ စားသည်ဖြစ်စေ၊ သွန်ပစ်သည်ဖြစ်စေ သူမ ဂရုမစိုက်။

သို့သော် သူ့ဘဝကို သူမ လုံးလုံးနားလည်ထားသောကြောင့်ဖြစ်သည်။ သူ ကျွန်ဘဝရောက်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူ့ဆန္ဒကို မတောင်းဆိုရဲတော့ခြင်း ဖြစ်နိုင်၏။

ဘန် သည် ပေါင်မုန့်ချောင်းများကို တလှည့် ဆာစီးနီယာ ကို တလှည့် ကြည့်လိုက်သည်။ 

"ဒါဆို… ကျေးဇူးတင်ပါတယ်…"

ဆာစီးနီယာ ထမင်းစားပွဲမှ မတ်တပ်ထရပ်လိုက်သည်။ စောစောက ဟင်းရည်သွားထည့်စဥ်က  အိုးထဲမှာ ဟင်းရည်များ ကျန်နေသေးသည်ကို သူမ သတိထားမိသည်။ သူ ပေါင်မုန့်ချောင်းများကိုသာ စားလျှင် ဗိုက်ပြည့်မည်မဟုတ်။ထို့ကြောင့် သူမ ဟင်းရည်များများ ထည့်ပေးချင်သည်။

အဓိကဇာတ်လိုက်က ငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now