* မေထူးချွန် ! မေ…ထူး… ချွန် ! *
" အမလေး …… ငုတ်တုတ် "
ကျောင်းသွားရန် alarm ပေးထားသည်မှ မြည်ဟီးလာသော မာတာမိခင်ကြီး၏အသံ ။ ချစ်လွန်းလို့အသံသွင်းထားပီးကို alarmသံထားခြင်းဖြစ်သည် ။ မာတာမိခင်၏အသံဩဇာက ယောင်ရမ်းကာအော်မိသည့်အတိုင်း ကုတင်ထက်ငုတ်တုတ်လေးထထိုင်မိသည်အထိ ။
အမည် မေထူးချွန် ။ အသက်ကတစ်ဆယ့်ခြောက် ။ ဆယ်တန်းဒုတိယနှစ် ။ စာကလွဲရင်ကျန်တာအကုန်ထူးချွန်သည် ။
အမေတစ်ခုသမီးတစ်ခုဘဝမို့ အလိုလိုက်ခံရတဲ့ထဲပါတယ်ပေါ့နော် ။ အလိုလိုက်ခံရလို့လားတော့မသိဘူး အလစ်တဲလေးတော့ဂျစ်တစ်တစ်နိုင်သည် ။ မားကလည်း ပွစိပွစိဆူတတ်တာကလွဲ လက်နဲ့တောင်မရွယ်ဘူးခဲ့ ။ တစ်စုံတစ်ယံကပြောတယ် ' ချာတိတ် မင်းကတော်တော်စိတ်ရှုတ်ရတဲ့ ကလေးဆိုးပဲ ' တဲ့ ။ ကိုကိုယံအတွက်တော့ မေက ငရှုတ်မလေးတစ်ယောက်ထက်မပို ။
အဲ … ကိုကိုယံကလွဲရင် မေထူးချွန်ဆိုတဲ့ ကိုယ့်ကိုအားလုံးကချစ်ကြတယ်နော် ။ ကိုကိုယံမိဘတွေအပါအဝင်ပေါ့ ။ မေကလည်းချစ်စရာလေးကိုလို့ ဟီး ။ တရုတ်ကပြားမလေးမို့ နီစပ်စပ်အသားအရေ ၊ မျက်ဆံနက်နက် ၊ ရယ်လိုက်တိုင်းခွက်ဝင်သွားသည့် ညာဘက်ပါးပြင်ထက်ကပါးချိုင့်နက်လေး ၊ ပန်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးနှင့်မေ့ကို မြင်သူတိုင်းကချစ်စရာလေးကွယ်လို့ မှတ်ချက်ပေးလေ့ရှိသည် ။ ချွဲတတ်သည့်နေရာမှာလည်း တစ်ဖက်ကမ်းထိ ထူးချွန်သည်မို့အချစ်ပိုကြသည်ထင်ပါရဲ့လေ ။
ကိုကိုယံဆိုသူကတော့ မေ့ထက်နှစ်နှစ်ကြီးတဲ့အိမ်နီးချင်းအကို ။ တတိယနှစ်တက္ကသိုလ်ကျောင်းသားတစ်ယောက် ။ ဆယ်စုနှစ်တစ်ခုစာခင်မင်ခဲ့ကြသည့် အိမ်နီးချင်းများလည်းဖြစ်သည် ။ ကိုကိုယံတို့မိသားစုကပဲ ပါးမရှိတည်းက မေတို့သားအမိကို အဖက်ဖက်ကကူညီစောင့်ရှောက်ခဲ့တာ ။
အဲစကားစပ်တုန်းအတင်းပြောရဦးမယ် သိလား ။ ကိုကိုယံတို့များ မေ့ထက်နှစ်နှစ်လေးပဲကြီးတာကို မသိရင် သူ့ကိုယ့်သူအနှစ်နှစ်ဆယ်လောက်ကြီးတဲ့ပုံနဲ့ မေ့ကိုဆိုအမြဲကလေးအရာပဲထားတယ် ။ ပြောလိုက်ရင်တော့ သူ့အရပ်မှီတဲ့အခါ လူကြီးအရာသွင်းမယ်တဲ့လေ ။ အဲ့နေ့ကစ မေလည်းကြုံးဝါးလိုက်တာပေါ့ ဘယ်ရမလဲ ။ အရပ်မမှီရင်နေပါစေ ၊ လူကြီးအရာမသွင်းနေပါစေ ကိုကို့ယံကိုတော့ရအောင်ကြူးမယ်လို့လေ ။ ဘယ်လိုလည်း မေတော်တယ်မလား ။
KAMU SEDANG MEMBACA
အတွေးတစ်ချို့ ပုံဖော်မှု
Cerita Pendekစိတ္တဇနာမ် တစ်ခုဖြစ်တဲ့ အချစ်က သကြားလုံးလေးလိုချိုမြိန်သလား ၊ တမာလို ခါးသက်သလားဆိုတာ အတူတူ လေ့လာကြည့်ရအောင်