Spring love - 1

1.8K 61 15
                                    

မာန်ဝင့်ထည် + ဘုန်းမိုးထက်

🎶 ကြယ်တွေစုံတဲ့ည ....   ကိုယ့်အိမ်မက်လေးငယ် 
  ကြယ်တွေစုံတဲ့ည   ... ဘဝမျှော်လင့်ခြင်းရယ်
ရင်ခုန်သံနဲ့  ထုဆစ်ထားတဲ့  .... သီချင်းတွေလည်း ..... ရင်တွေကွဲသွားအောင်    ဆိုနေအုံးမယ် .....
ကြယ်တွေစုံတဲ့ည   အဝေးအိမ်ကိုလွမ်းတယ် ...
ကြယ်တွေစုံတဲ့ည   ခရီးမိုင်တွေခြားစဉ်  .... ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့   နေ့တွေလဲကျော်လွန်သွားခဲ့ရင်  အတူပြန်ဆုံအုံးမယ် ..... 🎶🎶

" ဘုန်း   သွားနားကြရအောင်   ခဏနေ  ခေါင်းဆောင်   လူစစ်တော့မှာ  "

" အပိုတွေပြောပြန်ပီ   မင်းအိပ်ချင်  အိပ်ချင်တယ်ပေါ့  စစ်မှူးရာ  ။  သွားအိပ်နှင့်  ငါမအိပ်ချင်သေးလို့   ခဏနေမှလိုက်ခဲ့မယ်  "

" အေးအေး   အရမ်းနောက်ကျတဲ့ထိ   မနေနဲ့ဦး ။ မနက်ဆို   မင်းကထချင်တာမဟုတ်ဘူး  "

" ဟုတ်တယ်ဘုန်း   မင်းအပြစ်မပေးခံရတဲ့နေ့‌လို့   ငါတို့ကြုံဖူးချင်လို့   မနက်ဖြန်တော့နောက်မကျနဲ့ကွာ  ။  ကဲ .. အကိုတို့လဲ   သွားတော့မယ်  "

" မနက်ဖြန်   ကျွန်တော်အဦးဆုံး   လေ့ကျင့်ရေးကွင်းထဲရောက်နေစေရမယ်   စိတ်ချလိုက်ဗျာ  "

" အိုခေဗျာ  .....  "

ညရောက်ရင်    တပ်သားများစုဝေးလို့   ဂစ်တာတီး   ၊  သီချင်းဆိုခြင်းများနှင့်   အလွမ်းဒဏ်များကို   ဖြေဖျောက်နေရသည်  ။  လွမ်းတယ်  နွေးထွေးလှတဲ့အိမ်ကိုလွမ်းတယ် ၊  မိဘတွေကိုလွမ်းတယ် ၊  သက်သောင့်သက်သာရှိလှတဲ့  ကျွန်တော့်အိပ်ရာလေးကိုလဲလွမ်းတယ်  ။  ကျွန်တော့်ဘဝမှာ   ဒီအခြေအနေမျိုးကြုံရလိမ့်မယ်လို့   မြူတစ်မှုန်စာတောင်အတွေးမရှိခဲ့ဘူးဗျာ  ။  ကျွန်တော့်နာမည် ဘုန်းမိုးထက်   တစ်ဦးတည်းသောသားမို့   မိဘတွေရဲ့ရွှေဉလေးပေါ့   ။  မိဘပိုက်ဆံထိုင်သုံးနေတဲ့   တက္ကသိုလ်ကျောင်းသား ၊ ဂျစ်ကန်ကန်  ၊ ပြန်မပြောနားမထောင်   လူငယ်တစ်ဦးပေါ့ဗျာ  ။

ကျွန်တော်တို့လူငယ်တွေရဲ့အနာဂတ်ဟာ   (၂၀၂၁ ) ခုနစ်  ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့ကစလို့   အမှောင်ထုကြီးစိုးမိုးခံခဲ့ရတယ် ။  ဖေဖော်ဝါရီ (၄ ) ရက်နေ့မှစလူထုတိုက်ပွဲများစတင်ခဲ့ပီး   အကြမ်းဖက်ကောင်များရဲ့ဖိနှိပ်မှုကို    အလူးအလိမ့်ခံခဲ့ကြရသည် ။  မတရားမှု ၊ ချုပ်ခြယ်မှုများကို   မနှစ်သက်တဲ့  လူငယ်များ  ၊  နိုင်ငံရေးနယ်ပယ်အသီးသီးက ခေါင်းဆောင်များနှင့်စုစည်းကာ  မေလ( ၅ ) ရက်နေ့တွင်ကာကွယ်ရေးမူဝါဒနှင့်အညီ   တရားဝင်ကာကွယ်ရေးတပ်များဖွဲ့စည်းခဲ့ကြသည် ။  လွတ်လပ်မှုကိုအပြည့်အဝမြတ်နိုးတဲ့   ကျွန်တော်သည်လဲ   မိဘတွေတားနေတဲ့ကြားက   အတင်းဝင်ရောက်ခဲ့သည်  ။  အနေဆင်းရဲ အစားဆင်းရဲနဲ့  ပြင်းထန်တဲ့လေ့ကျင့်ရေးတွေကြားမှာ  ပင်ပန်းရပေမဲ့လဲ   ကျွန်တော်တို့နိုင်ငံအတွက် ၊ ခေါင်းဆောင်တစ်ဦးချင်းအတွက်  ၊  မတရားသေဆုံးခဲ့ရတဲ့သွေးချင်းများအတွက်   အခက်အခဲများကိုသည်းခံလို့  ကျရာနေရာမှာ   တာဝန်ကျေဖို့ကိုသာ  နှလုံးအိမ်၌သံမှိုရိုက်သွင်းထားခဲ့သည်  ။ 

အတွေးတစ်ချို့  ပုံဖော်မှုWhere stories live. Discover now