114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား

Start from the beginning
                                    

"ဟုတ်ပါတယ် ၊ တုန်းအာ ကိုယ်က မင်းအကြောင်းပြောနေတာ ။ ကိုယ်တို့ အဲ့ဒီညတုန်းက အတူတကွတိုင်ပင်ခဲ့ကြပြီး  ကိုယ်တို့သဘောတူထားတယ်မဟုတ်လား? မင်း ကိုယ့်ကိုစွန့်ပစ်တော့မလို့လား"

ဝမ်ရင်းသည် ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့စွာ စကားပြောနေသော်လည်း ဘေးမှာ ရပ်နေသော သခင်မယုသည် စိုးရိမ်စိတ်ကြောင့် ချွေးသီးများထွက်လာခဲ့သည်။  သူမရှေ့သို့ ခြေတစ်လှမ်းတိုးကာ တစ်ခုခု ပြောချင်သော်လည်း သခင်မကြီးချင်းက သူမကိုပေးခဲ့သော အေးစက်သော အကြည့်တစ်ချက်ကို တွေ့လိုက်ရပြီး  သူမ ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။

သခင်မကြီးချင်းကို သူမဘယ်လောက်ပဲ မလေးစားပဲ နေပါစေ၊ သခင်မကြီးချင်း၏ မျက်လုံးထဲက ရက်စက်မှုတွေကို သူမ အခုချက်ချင်းမြင်လိုက်ရတယ်။ သူမ တခြားဘာမှ မပြောဝံ့ဘဲ တိတ်တိတ်ဆိတ်ဆိတ် သွားတွေသာ ကြိတ်နိုင်ခဲ့သည်။

"မင်းပြောနေတဲ့သူက တို့ပဲဆိုတာ သေချာလား?"

"သေချာပါတယ် ၊ ကိုယ်က မင်းရဲ့မျက်နှာကိုသာမက မင်းခန္ဓာကိုယ်ကိုလည်း ကိုယ်သိတယ်။" 

လူအုပ်ကြီးထံမှ တိုးတိုးဖြင့်ပြောနေသော အသံများ ထွက်ပေါ်လာပြီး အကြောင်းတစ်ခုခုကြောင့် ဝမ်ရင်း စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။  သို့သော် သူဘာမှားသွားသည်ကိုလည်း မပြောနိုင်ပေ။  သူသည် ရင်းနှီးသော မျက်နှာကို ကြည့်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူသည် ထပ်မံ၍ ရက်စက်စွာ ပြောကြားခဲ့သည် ။

သူ၏အသံသည် ချစ်သူနှစ်ဦးကြား ပြောကြားခဲ့သော အသံများဖြင့် ပြောပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထုတ်ဖော်ပြသလိုက်ပါတယ် ။

“ဒီလူက မို့အိမ်တော်မှာ အိမ်အကူတစ်ယောက်နဲ့ ဆက်ဆံရေးရှိခဲ့တာကို သခင်မလုရှက တွေ့ရှိခဲ့ပြီး သခင်ကြီးက ထိုအရာကြောင့် သူ့ကို နှင်ထုတ်လိုက်ပါတယ် ။ ဒါပေမယ့် ပညာရှင်တစ်ယောက်အနေနဲ့ မင်းအတွက် ခက်ခဲတယ်လို့ ခံစားခဲ့ရပြီး သတင်းကို လူသိရှင်ကြားဖြစ်အောင် သခင်ကြီးက ထုတ်မပြောခဲ့ဘူး ။ ဒါပေမဲ့ သခင်ကြီးက မင်းရဲ့စိတ်ဓာတ်ကိုသိပြီး လက်တုံ့ပြန်တဲ့အနေနဲ့ တစ်ခုခုလုပ်မှာကို စိုးရိမ်ပြီး ဝန်ခံစာတစ်စောင်ကို မင်းရဲ့ လက်ဗွေနဲ့တကွ ရေးထိုးခိုင်းခဲ့တာကို မင်းမေ့သွားပြီလား  ။ တို့ ဒီကို မထွက်လာခင်က ထိုဝန်ခံစာကို တရားသူကြီးဆီမှာ ထားခဲ့တယ်။  ဒီကိစ္စကို သွားကြည့်ရင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။  မင်းက ပညာတော်သင်ဖြစ်ဖို့ ငြင်းဆန်ပြီး ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး။  မင်းက ကျုပ်သခင်မရဲ့ နာမည်ကို ဘယ်လိုတောင် ဖျက်ဆီးဝံ့တာလဲ။" မိုလန်က ဝမ်ရင်းကို ဒေါသတကြီး စိုက်ကြည့်နေသည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now