ဒီဒဏ်ရာတွေကြောင့်တော့ မကျေမချမ်းဖြစ်တာ စိတ်ဓာတ်ပြိုလဲနေတာမျိုးတော့ သူ(မ) မပြခဲ့ပေ။ ကလေးဆန်ဆန် ဒေါသထွက်ခြင်းလောက်သာ ရှိသည်။ ဒီညီမလေးက သူ ထင်ထားသည်ထက် ပိုသန်မာပြီး အလွန်သတ္တိရှိသည်။
လူငယ်လေးရဲ့ အေးစက်သည့် မျက်လုံးတွေက တဖြည်းဖြည်း နူးညံ့သွားလေသည်။ ဆေးတွေအကုန်သောက်ပြီးသွားတော့ ဘေးက ပန်းကန်ထဲက သစ်သီးယိုတွေကို သူ့ညီမလေးကို ခွံ့ကျွေးလေသည်။ အချိုဓာတ်ကြောင့် သူ(မ)ရဲ့ မျက်ခုံးတန်းတွေ လုံးဝ ပြေလျော့သွားတာတွေ့တော့ ယွီဖင်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်သွားခဲ့လေသည်။
"အစ်ကိုကြီး သမီးခြေထောက်တွေ မကိုက်တော့ဘူး"
ယွီရှန်းက အခိုင်အမာ ပြောဆိုလေသည်။
သူ့မျက်လုံးထဲက ရယ်ချင်စိတ်တွေက ပိုထင်းလာလေသည်။ ဘယ်လိုလုပ် ဆေးရဲ့အာနိသင်အစွမ်းပြတာ ဒီလောက်မြန်မှာလဲ။ ဒီကလေးမလေးက သူ့ကို ချွေးသိပ်ဖို့ ကြိုးစားနေတာပဲ။
"အစ်ကိုကြီး သမီးကို နေ့တိုင်း ဆေးလာတိုက်ပေးလို့ ရမလားဟင်၊ အစ်ကိုကြီး ဒီမှာ မရှိတဲ့အချိန်ဆိုရင် ဘယ်သူမှ သမီးနဲ့ စကားမပြောကြဘူး"
ယွီရှန်းရဲ့တောက်ပနေသည့် မျက်နှာလေးက မှေးမှိန်သွားလေသည်။
"ရတာပေါ့"
ယွီဖင်ယန်က ယွီရှန်းရဲ့ နဖူးမှာ ဖရိုဖရဲဖြစ်နေသည့် ဆံပင်တွေကို နားအနောက်ဖက်ကို သပ်တင်ပေးလိုက်ပြီး သူ့အတွေးတွေက ရှုပ်ထွေးနေလေသည်။ ရှေ့လျှောက် ဒီစံအိမ်တော်ကြီးမှာ ယွီရှန်း မှီခိုလို့ရတာ သူတစ်ယောက်ပဲရှိတယ်။
"လက်သန်းချိတ်ပြီး ကတိပေး"
ယွီရှန်းက သူ(မ)ရဲ့ လက်သန်းပိစိလေးကို ထုတ်ကာ ခါယမ်းပြလေသည်။ သူတို့တွေက သွေးသားမတော်လည်း အချိန်အကြာကြီး စောင့်ရှောက်ပြီးသည့်အခါ ကျရင်တော့ သံယောဇဥ်ကတော့ ရှိနေလိမ့်မည်။ ဒါက အရေးအကြီးဆုံးဖြစ်ပြီး ဒီမှူးမတ်စံအိမ်တော်ကြီးမှာ ယွီဖင်ယန်ကပဲ သူ့ကို ကာကွယ်ပေးနိုင်မှာ။
"ကတိပေးတယ်"
ယွီဖင်ယန်ကလည်း သူ့လက်သန်းကို ထုတ်ပေးခဲ့လေသည်။
Part 6
En başından başla