သူအရင်ကပြောခဲ့သည်များကို လုံးဝမေ့သွားလေပြီ။

ချန်ယွမ်က ယွမ်ရှင်းကျဲအတွက်ဓာတ်ခွဲခန်းတစ်ခုကို ဂရုတစိုက်ပြင်ဆင်ပေးခဲ့သည်။ ပစ္စည်းအားလုံးက စျေးအကြီးဆုံးတွေချည်းပင်။

ယွမ်ရှင်းကျဲက ဓာတ်ခွဲခန်းကိုလိုက်ကြည့်သည့်အခါ သူအင်မတန်ကျေနပ်သွားခဲ့၏။

စာချုပ်အရ သူဤဓာတ်ခွဲခန်းကို တစ်နှစ်တိတိပိုင်ဆိုင်လေသည်။

တစ်နှစ်က သူ့အတွက်တော်တော်များများလုပ်ရန် လုံလောက်သည့်အချိန်ပင်။

ချန်ယွမ်က ယွမ်ရှင်းကျဲ၏ယာယီလက်ထောက်အဖြစ် ယူဂျင်းကိုထားပေးခဲ့သည်။ သူက ယွမ်ရှင်းကျဲပုခုံးကို ရင်းနှီးစွာပုတ်ရင်း

“ငါ့မှာ အခုအစည်းအဝေးရှိလို့ခဏသွားရမယ်...မင်းတစ်ခုခုလိုတာရှိရင် ဖုန်းဆက်လိုက်နော်...”

ဌာနမှူးချန်ထွက်သွားသည်နှင့် ယူဂျင်းကသိလိုစိတ်အပြည့်ဖြင့်မေးလိုက်သည်။

“ဒီမှာ သုတေသနလုပ်ချင်တာလား...”

ယွမ်ရှင်းကျဲက သူ့ကိုအထူးအဆန်းကြည့်လိုက်သည်။

“သုတေသနမဟုတ်လို့ အိပ်လိုက်ရေချိုးလိုက်လုပ်ရမှာလား....”

“အဲ့လိုလုပ်ချင်ရင်လည်းရပါတယ်....ကျွန်တော်က သိချင်ရုံပါ...ဘာလို့ဆို မက်ခါမောင်းနှင်သူတွေ သုတေသနလုပ်တာမျိုးမတွေ့ဖူးလို့လေ...”

ယွမ်ရှင်းကျဲက ပြုံးလိုက်ရင်း

“ဒါဆိုအခုတွေ့ဖူးပြီမဟုတ်လား....”

အတိအကျပြောရလျှင် သူက သုတေသနကိုစိတ်ဝင်စားသော မက်ခါမောင်းနှင်သူမဟုတ်ချေ။ နိုင်ငံအဆင့်မက်ခါပြိုင်ပွဲတွင် ယှဥ်ပြိုင်နေသည့် သုတေသီတစ်ဦးဖြစ်လေသည်။

ယူဂျင်းက ယွမ်ရှင်းကျဲကိုစိတ်ဆိုးအောင်လုပ်မိမည်စိုးသည့်အလျှောက် သတိအပြည့်ဖြင့်မေးလိုက်သည်။

ယခုမူ သူကသာမန်လူတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် သုတေသနဌာနမှအထောက်အပံ့ကိုလိုချင်ပါက ထိုသူတို့သဘောကျမည့်သုတေသနများကို လုပ်ဆောင်ပြဖို့လိုအပ်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now