တစ်ယောက်ယောက်က ရှင်းဟိုင်မှာဘယ်သူနာမည်ကြီးလဲဟုမေးလာလျှင် ယွမ်ရှင်းကျဲဟု အားလုံးတညီတညွတ်ထဲပြန်ဖြေကြလိမ့်မည်။ ပြီးမှ လော့ဝမ်ချွမ်း၊ အက်ရှလေနှင့် တခြားလူများကိုအလှည့်ကျ ဖြေကြားကြလိမ့်မည်။

“တကယ်တမ်းတော့ အားလုံးကောင်းကောင်းလုပ်ဆောင်ခဲ့ကြပါတယ်...ဒါပေမယ့် ယွမ်ရှင်းကျဲက ပိုင်ကျားရှီကိုအနိုင်ပိုင်းလိုက်တာကြောင့် ရှင်းဟိုင်ပြန်ပြီးအရှိန်ရလာတာ...”

“အနိုင်ရနှုန်းနဲ့ယုံကြည်ချက်က အသင်းအတွက်အရေးအကြီးဆုံးတွေပဲ...”

“ယွမ်ရှင်းကျဲခေါင်းထဲမှာဘာတွေရှိနေတာလဲ...သူကမက်ခါသားရဲကို အရိပ်မက်ခါအဖြစ်ပြောင်းနိုင်တယ်...ပြောရရင်ကွာ...အရိပ်မက်ခါထက်တောင်ပိုစွမ်းနေသေးတယ်...”

“ကြောင်ရုပ်ဆိုးက ရှီးပေါ်လိုင်နဲ့တောင်ယှဥ်နိုင်မယ်ထင်တာပဲ..”

အဆိုပါစာကြောင်းက ရှီးပေါ်လိုင်၏နားသို့ရောက်သွားခဲ့သည်။

“သူတို့ပြောတာတော့ မင်းကမက်ခါသားရဲလောက်တောင် မတော်ဘူးဆိုပဲ..”

......

မနက်စောစောတွင် ယွမ်ရှင်းကျဲက အပြင်ထွက်ရန်ပြင်ဆင်နေခဲ့သည်။ သို့သော် မင်ရှောင်းတစ်ယောက် သူ့တံခါးဝထံရောက်လာမည်ဟု သူ မမျှော်လင့်ထားခဲ့။

"ဂုဏ်ယူပါတယ်...မင်းရဲပြိုင်ပွဲက အံ့ဩစရာတစ်ခုကို ထပ်ပြီးဖန်တီးလိုက်ပြန်ပြီ..." 

မင်ရှောင်းကပြုံးလျှက် သူ့ထံလျှောက်လာခဲ့သည်။ နက်မှောင်သောအစိမ်းရောင်ဆံပင်ကောက်ကောက်များက သူ၏ချောမောမှုကို အစွမ်းကုန်ထောက်ပံ့နေသည်။

ယွမ်ရှင်းကျဲကခေါင်းညိတ်ပြပြီး မင်ရှောင်းနောက်မှလိုက်ခဲ့လိုက်သည်။

သူတို့က လေယာဥ်ငယ်ပေါ်တက်လိုက်ကြပြီး အတန်ကြာပျံသန်းလိုက်ရသည်။ ထို့နောက် လေယာဥ်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင်ရှိသော သစ်ပင်ထူထပ်သည့်နေရာတွင်ဆင်းသက်လိုက်၏။ အဆိုပါနေရာမှာ နိုင်ငံပိုင်မက်ခါသုတေသနဌာနပင်။

အဖြူရောင်အလင်းရောင်အောက်တွင် ဤနေရာက တံခါးပိတ်စက်ရုံကြီးတစ်ခုလိုပင်။ ပြင်ပကမ္ဘာနှင့်အဆက်ပြတ်ကာ အထီးကျန်နေပုံပေါ်သော်လည်း အင်ပါယာ၏အနာဂတ်ကို မွေးဖွားသည့်နေရာဖြစ်လေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now