ရှီးပေါ်လိုင်၏ဦးခေါင်းမှာ သိုးမွှေးလုံးကြီးဖြင့် ရိုက်မိသွားခဲ့သည်။ ၎င်းမှာ အန္တရာယ်မပေးနိုင်သော်လည်း အတော်အတန် အနှောင့်အယှက်‌ဖြစ်စေခဲ့သည်။

သူ အံကြိတ်လျက် အရိပ်သံကြိုးအားဆွဲထုတ်လိုက်ကာ ထိုမက်ခုနှစ်ခုအား တစ်ခုချင်းစီ ရှင်းထုတ်ရန်ပြင်လိုက်လေသည်။

သံကြိုးမှာ ရုပ်ဆိုးကြောင်ထံသို့ ပျံလာခဲ့သော်လည်း ထိုကြောင်မှာ မရှောင်တိမ်းခဲ့ချေ။

ပွဲထဲတွင်ရှိနေကြသော လူများကဲ့သို့ ရှီးပေါ်လိုင်သည်လည်း ယွမ်ရှင်းကျဲ၏သားရဲ အပိုင်းအစများဖြစ်သွားသည်အထိ အရိုက်ခံရခြင်းကိုစောင့်ကြည့်နေမိသည်။

သို့သော်လည်း အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုထွက်ပေါ်လာေလသည်။

ရှီးပေါ်လိုင်ပေါ်သို့ ပစ်လိုက်သော သိုး‌မွှေးလုံးမှာ အောက်သို့ကျမသွားဘဲ သူ့မက်ခါ၏ပခုံးပေါ်တွင် ခိုင်မြဲစွာ ငြိတွယ်နေ၏။

ရှီးပေါ်လိုင်၏မျက်လုံးများ ချက်ချင်းဆိုသလို ပြူးကျယ်သွားရသည်။

အချိန်ခဏကြာပြီးနောက် ရုပ်ဆိုးကြောင်၏လက်သည်းများကြားထဲတွင် ကိုင်ထားသော ထွင်းဖောက်မြင်နိုင်သည့် ချည်မျှင်များအားတွေ့လိုက်ရလေသည်။ ထိုသိုးမွှေးလုံး၏ရုတ်တရက်ပြောင်းလဲချက်မှာ နာနိုဝိုင်ယာများမှ လျှပ်စစ်သံလိုက်ဓာတ်စီးဆင်းမှုကြောင့် ဖြစ်ပေသည်။

ရှီးပေါ်လိုင် ထိတ်လန့်သွား၏ .. ထိုအရာမှာ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း…

မည်သို့ပင်ဖြစ်စေ သူထိုနာနိုဝိုင်ယာကြိုးများငြိတွယ်နေခြင်းမှ မထွက်လိုက်နိုင်ခင်မှာပင် ရုပ်ဆိုးကြောင်မှာ တစ်ချက်ထခုန်လိုက်ကာ လေထဲတွင် အချိန်ခဏမျှတန့်နေပြီး ရှီးပေါ်လိုင်မက်ခါ၏လက်မောင်းများအား ချည်မျှင်များဖြင့် ပို၍ခိုင်မြဲစွာ ရစ်ပတ်နေလေသည်။

နာနိုဝါယာများမှာ လျှပ်စစ်သံလိုက်စီးဆင်းမှုကြောင့် ချွန်ထက်သော လက်နက်ဖြစ်လာလေသည်။

နာနိုဝိုင်ယာများ၏ အခြစ်ခံရမှုဖြင့် ရှီးပေါ်လိုင်မက်ခါပေါ်ရှိ အရိပ်မှုတ်ဆေးမှာ ထပ်မံ၍ ကိုယ်ပျောက်အခြေအနေအား ထိန်းမထားနိုင်တော့ချေ။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now