ထို့ကြောင့် အလင်းရောင်သုံးခု ဖြာထွက်နေရာဆီသို့ အရှိန်မြှင့်တင်ကာ မောင်းသွားလိုက်သည်။ ကျန်အသင်းဝင်နှစ်ယောက်မှာ အနည်းငယ်အံ့ဩသွားပြီး အလျင်အမြန်နောက်ကလိုက်သွားကြသည်။

နောက်ထပ် မိနစ်ဝက်ခန့်အကြာတွင် ဂျက်ကော့အသင်း ကွင်းလယ်သို့ရောက်ရှိလာပြီး အဝါရောင်အလင်းတန်ူများလည်း ဖြာထွက်လာကြ၏။

ပရိသတ်ဆီမှ ဩဘာပေးသံများလည်း ထွက်ပေါ်လာသည်။

ကျယ်ဝန်းသော ပွဲရုံအတွင်းမှ ပဲ့တင်သံများနှင့်အတူ အသံတစ်ခုထွက်ပေါ်လာ၏။ :

[ နှစ်သင်းလုံး ကွင်းလယ်သို့ရောက်ရှိလာပါပြီ။ ]

ထိုအသံပြီးဆုံးသွားလျှင် နှစ်ဖက်အသင်း စတင်တိုက်ခိုက်ရမည်ဖြစ်၏။

သူတို့မီးများလင်းသွားပြီးနောက် ရှီးပေါ်လိုင်နှင့်ဘအသင်းသားများ ပြိုင်ဘက်၏အ‌ခြေအနေကို စတင်လေ့လာကြ၏။

အင်ဂျင်သံများမှာ ပြိုင်ပွဲမစခင် သားရဲတစ်ကောင်၏ ကြုံးဝါးသံနှင့်ပင် ဆင်တူနေ၏။

“ကာလက် ခဏလောက် ကျင်းရှဲကို ကာကွယ်ဖို့အာရုံစိုက်ပေးပါ။”

ချီယု လေးလေးနက်နက်ပြောလိုက်သည်။

“သူ့ကို ဝိုင်းလာကြလိမ့်မယ် ထင်တယ်။ “

ကာလက် အေးတိအေးစက်ပင်ပြန်ပြောလိုက်၏။

“ငါ့ကို ဘာလုပ်ရမယ်ဆိုတာ မပြောပါနဲ့။”

ကာလက်၏ ဆန့်ကျင်မှုကိုမြင်လိုက်ရသော ချီယု တိတ်တခိုးလေးပျော်ရွှင်သွား၏။ ယခုအတိုင်းဆိုလျှင် ယွမ်ရှင်းကျဲကိုကာကွယ်ရမည့်သူမှာ သူသာလျှင်ဖြစ်လာတော့မည် မဟုတ်ပါလား။

ရုတ်တရက် ဂျက်ကော့ဘက်မှ အမြှောက်အသေးစားလေးများကို ယွမ်ရှင်းကျဲနှင့်အသင်းသားများထံ ပစ်လွှတ်လိုက်၏။ ပြိုင်ပွဲ တရားဝင်စတင်လေပြီ။

ယွမ်ရှင်းကျဲ၏ မက်ခါသားရဲမှာ ပစ်လွှတ်လိုက်သော အမြှောက်ကိုရှောင်ရင်း ပြိုင်ဘက်ဆီသို့ အမြှောက်တစ်ခု တန်ပြန်ပစ်လွှတ်လိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now