သို့ဖြစ်ရာ ထိုကျောင်းသုံးကျောင်းစလုံးမှာ ချန်ပီယံပွဲကိုနိုင်ရန်အတွက် လူသိများသောအဖွဲ့များဟူ၍ခေါ်ဆိုနိုင်ပေသည်။

နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် လွန်ခဲ့သောဆယ်နှစ်ဆက်တိုက်အဆင့်မမှီခဲ့ပြီး အဆုံး၌အဆင့်မှီခဲ့သောယမန်နှစ်တွင်လည်း ထုတ်ပယ်ခံခဲ့ရသော ရှင်းဟိုင်စစ်တက္ကသိုလ်မှာမူ အနည်းငယ်ဘောင်အပြင်ဘက်သို့ရောက်နေခဲ့လေသည်။

" ငါတော့သေမလိုကိုစိတ်တိုမိတာပဲ…အရူးလိုကိုရီမိနေပြီ.." ရစ်ချက်မှာအလွန်ဒေါသထွက်နေသောကြောင့် ကျိုးဖေးရွှယ်အားခါးထောက်ကြည့်နေလျက် ကဲ့ရဲ့စကားဆိုလာခဲ့သည်။

" မင်းမျက်နှာနဲ့လက်တွေကိုလည်းသွားဆေးလိုက်ပါဦး မင်းကမုန်တိုင်းမက်ခါကိုတောင်အနက်ရောင်ဆိုးလို့ရနေပြီ…"

ကျိုးဖေးရွှယ်မသက်မသာဖြင့်တုံ့ပြန်လာခဲ့သည်။

" အဲ့ဒါမင်းဘာသာမင်းကောင်းကောင်းမဲမနှိုက်ခဲ့လို့လေ ဒါတောင်ငါ့ကိုလာအပြစ်တင်နေသေးတယ်…"

" မင်းအတွက်ကျောင်းသားတစ်ယောက်ကနေ ကျောင်းရဲ့တရားဝင်အဖွဲ့ဝင်ဖြစ်လာတာကခက်ခဲမယ်ထင်ခဲ့မိလို့ပေါ့ဟ…"

ရစ်ချက်နှာခေါင်းရှုံလိုက်ကာ " အဲ့ဒါကြောင့် မင်းကိုမဲနှိုက်ဖို့အခွင့်အရေးပေးခဲ့တာ… မင်းရဲ့ကျောင်းသားတွေကအားနည်းနေရုံတင်မကဘူး မင်းရဲ့ကံကပါပိုဆိုးနေမယ်လို့ငါမထင်မိလိုက်ဘူး…"

ကျိုးဖေးရွှယ်လည်းအလွန်ဒေါသထွက်လာသဖြင့် သူ၏မုတ်ဆိတ်မွှေးအားပင့်ကာ စိုက်ကြည့်လာခဲ့သည် " ငါ့ကျောင်းသားတွေရဲ့ခွန်အားကဘာဖြစ်နေလို့…ပြောစမ်းပါ ဘာဖြစ်နေလို့လဲလို့…"

" အေအဆင့်အထိအတင်ခံလိုက်ရတဲ့အိုမီဂါတစ်ယောက်က တကယ်ကြီး ကျောင်းအဖွဲ့ရဲ့တတိယနေရာကိုရသွားတာလေ…"

ရစ်ချက်လေးနက်သောအမူအယာဖြင့်ခေါင်းယမ်းလိုက်ကာ " ‌ဒါကြီးကအဟားခံရတော့မှာပဲ…"

" ယွမ်ရှင်းကျဲကသူ့ခွန်အားကြောင့်အနိုင်ရခဲ့တာကွ မင်းဘာသိလို့လဲ…"

ကျိုးဖေးရွှယ်သည်လည်း အငြင်းအထန်ငြင်းခုံလိုက်ပြီး

" ရစ်ချက် အခုကနှစ်ပတ်ပဲကျန်တော့တာနော် ကျောင်းအဖွဲ့ကိုသေချာလေ့ကျင့်ပေးချည် ငါ့ကျောင်းသားတွေကို လိုက်ပြီးကဲ့ရဲ့မနေနဲ့…"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now