သို့သော်လည်း ယွမ်ရှင်းကျဲမှာမူ ထိုအရာအား ဂရုစိုက်သည့်ပုံမပေါ်ခဲ့ချေ။

ပထမအဆင့်အီးအတန်းမှကျောင်းသားနှစ်ဦးသည်ကျောင်းအဖွဲ့သို့ဝင်ရောက်လာနိုင်ခဲ့သဖြင့် သဘာဝကျစွာပင် သူတို့၏ဆရာဖြစ်သူကျိုးဖေးရွှယ်၏မျက်နှာမှာအတော်အတန်ဝင်းပနေခဲ့၏။ သူသည်အခြားဆရာများထံမှချီးကျူးမှုအားခံယူရန် ကွင်းပြင်ရှိရာသို့စောစောလာရောက်ခဲ့ပြီး သူ၏တပည့်နှစ်ဦးဖြစ်သူ ယွမ်ရှင်းကျဲနှင့်အော်ရီရယ်အားချီးမွန်းရန်လည်းမမေ့ခဲ့ပေ။

မကြာမီအချိန်၌ ဆုပေးပွဲအခမ်းအနားတွင်ပါဝင်သောသူများမှာ တစ်ယောက်ပြီးတစ်ယောက်စတင်‌ရောက်လာကြသည်။ ကျောင်းအုပ်ကြီးလာရောက်ခဲ့ပြီးနောက်တွင်တော့ အခမ်းအနားအား တရားဝင်စတင်လိုက်ပြီဖြစ်သည်။

ကျောင်းအဖွဲ့မှ အဖွဲ့ဝင်များမှာ ပထမဆုံးအတန်းတွင်ထိုင်ကာ ကျောင်းအုပ်ကြီး၏မိန့်ခွန်းအားနားထောင်နေကြ၏။

ယွမ်မိသားစုမှာနောက်ကျနေခဲ့ပြီး ပထမဆုံးအတန်းမှအထူးဖိတ်ကြားထားသောမိသားစုထိုင်ခုံသုံးခု‌တွင်ဝင်ထိုင်လိုက်လေသည်။

" ဝိုး ဒါကတော်တော်လေးခမ်းနားတာပဲ…" ယွမ်ချန်ရှန့် မနေနိုင်ဘဲရေရွတ်လိုက်ကာ သူ၏မျက်လုံးများက ယွမ်ရှင်းကျဲထိုင်နေသည့်နေရာသို့ရောက်သွားပြီး " ရှင်းကျဲလည်း ဒီမှာထိုင်နေတာပဲ…"

ချင်ရွှမ်းသည်လည်း ယွမ်ရှင်းကျဲထိုင်နေသည့်နေရာသို့ အနည်းငယ်ထိတ်လန့်နေသောမျက်လုံးများဖြင့် လိုက်ကြည့်လိုက်ပြီး အဘယ့်ကြောင့်သူမ၏အကြီးဆုံးသားပြောင်းလဲသွားသည်ဟုခံစားနေရသည်နည်းဟူ၍တွေးလိုက်မိလေသည်။

သူ၏နောက်ကျောအားကြည့်ရုံနှင့်ပင် အရင်အချိန်တုန်းကထက်စာလျင် သူသည်အရပ်ပိုရှည်လာခဲ့ပြီး ထင်းရှူးပင်တစ်ပင်ကဲ့သို့ဖြောင့်မတ်စွာဖြင့် ချောမောနေ၏။

မကြာမီအချိန်တွင် ကျောင်းအဖွဲ့ဝင်များ၏ရလဒ်များအား ကြေငြာလိုက်ရာ လူအများ၏နွေးထွေးသောကြိုဆိုသံများနှင့် လက်ခုပ်သံများထွက်ပေါ်လာခဲ့သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now