ယွမ်ရှင်းကျဲ၏ထက်မြက်​သောစွမ်းရည်​ကြောင့်သာမဟုတ်လျှင် ဟယ့်​ဟောင်မင်နှင့်ရင်ဆိုင်ရခြင်းမှာအဆုံးသတ်​ကောင်းလိမ့်မည်မဟုတ်​ချေ။

​လော့၀မ်ချွမ်း ခယ့်လိုင်နှင့် အက်ရှ​လေတို့မှာလည်းထို​နေရာတွင်ရှိ​နေခဲ့သည်။ အက်ရှ​လေမှာ ဖြစ်ပျက်သည်တို့ကိုကြားလျှင် ပါးစပ်ကိုလက်နှင့်မကာပဲမ​နေနိုင်ခဲ့​ချေ။

"ဘုရား​ရေ သူကသနားစရာ​ကောင်းလိုက်တာ"

ယွမ်ရှင်းကျဲမှာထိုသို့ဖြစ်လာခြင်းကိုအံ့ပင်မအံ့သြ​ချေ။အစကတည်းကပင် သူ့မှာချီယုအတွက်​မျှော်လင့်ချက်ရှိမ​နေခဲ့တာဖြစ်သည်။

​လော့၀မ်ချွမ်းမှာလူအုပ်အလယ်ကလူငယ်​လေးကိုကြည့်ရင်း မျက်​​မှောင်ကျုံ့လိုက်မိသည်။ သူ၏မျက်လုံးထဲတွင် မခံမရပ်နိုင်မှုတစွန်းတစထွက်​ပေါ်လာခဲ့သည်။

ချီယုမှာယွမ်ရှင်းကျဲကိုကြည့်ကာ​တောင်းပန်လိုက်သည်။

"ရှင်းကျဲ ငါတကယ်မှားခဲ့ပါတယ်၊ ဒါ​ပေမယ့် ဟယ့်​ဟောင်မင်က မင်းကိုအဲဒီပစ္စည်း​တွေနဲ့တိုက်ခိုက်လာမယ်လို့​တော့တကယ်မထင်ထားတာပါ၊ ငါ​ရောင်းရတဲ့​ငွေ​တွေကို​တော့ မင်းကိုပြန်​ပေးပါ့မယ်၊ တပြားမှမ​လျော့​စေရပါဘူး၊ ငါ့ကိုခွင့်လွှတ်​ပေးပါ"

ယွမ်ရှင်းကျဲမှာချီယုနှင့်တကယ်ကိုဘာမှ​ပြောချင်စိတ်မရှိ​ချေ။ သူကချီယုကို​အေးစက်စွာကြည့်လျက်

"မင်းကိုခွင့်မလွှတ်နိုင်ဘူး၊ ပိုက်ဆံလား၊ ဒါ​ပေါ့ မင်းပြန်​ပေးဖို့လိုတာ​ပေါ့"

"ငါကျိန်း​သေပြန်​ပေးမှာပါ" ချီယုကစုကျီနန်ကိုကြည့်လိုက်ကာ သူ၏​လေသံမှာချက်ချင်း​အေးစက်သွားလျက်

"စုကျီနန် ၆၉၀၀၀၀ထဲကမင်းအ​ချောင်နှိုက်သွားတဲ့ ၄၉၀၀၀၀ကို ရှင်းကျဲကိုပြန်​ပေးလိုက်ပါ"

စုကျီနန်၏နှုတ်ခမ်းတို့တုန်ရီလာခဲ့သည်။ သူကချီယုကိုကြည့်လျက်​တောင်းပန်လိုက်သည်။

"ချီယု မင်းဘာလို့ဒီလိုလုပ်ရက်ရတာလဲ၊ အဲဒါကမင်းအကြံလည်းပါခဲ့တာပဲ​လေ"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now