ယွမ်ရှင်းကျဲက အလင်းဓားများကိုပို၍အားထည့်ကာ ကိုင်ဆောင်လိုက်ပြီးသည့်နောက် ဒိုင်းကာအားခုတ်ဖြတ်ရန်ပြင်လိုက်သည်။ သို့သော် ဒိုင်းကာ၏ခံနိုင်ရည်မှာ အလွန့်မြင့်မားသည့်အလျှောက် ထက်မြသောအလင်းဓားများပင် ထိုးဖောက်နိူင်ခြင်းမရှိခဲ့ချေ။

စုကျီနန်က ဤတစ်ကြိမ်မှာနောက်ဆုံးအခွင့်အရေးဖြစ်သည်ကို သိရှိထားခဲ့သည်။

သူက နည်းလမ်းအမျိုးမျိုးကိုစဥ်းစားနေခဲ့သည်။ ကြောင်ရုပ်ဆိုးကိုရိုက်ထုတ်ပစ်ကာ ယွမ်ရှင်းကျဲကို ချက်ချင်းတိုက်ခိုက်နိုင်မှသာလျှင် သူအနိုင်ရမှာဖြစ်သည်။

ပြိုင်ပွဲမှာ နှစ်ဆယ့်တစ်မိနစ်ကြာမြင့်သွားလေပြီ။

လုရန်ရှုအသက်ရှူသံ မြန်ဆန်လာခဲ့သည်။ ယွမ်ရှင်းကျဲ ရှူံးနိမ့်တော့မည်ဟု သူထင်ခဲ့သည်။ သို့သော် တိုက်ပွဲအခြေအနေမှာပြောင်းပြန်ဖြစ်သွားခဲ့ပြီး ယွမ်ရှင်းကျဲကအသာစီးရသွားခဲ့သည်။ သို့ရာတွင် စုကျီနန်ကလည်းပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိနေသေးသည်။

ရလဒ် မကြာခင်ထွက်ပေါ်လာတော့မည်။

သို့ရာတွင် အနိုင်ရသူအားမည်သူမှမခန့်မှန်းနိုင်ကြသေးချေ။

ကျိုးဖေးရွှယ်ကဲ့သို့ အတွေ့အကြုံကြွယ်ဝသူပင် အသက်ရှူအောင့်ထားမိလေသည်။

မကြာခင် စုကျီနန်၏မက်ခါက ဒိုင်းကာအောက်မှလှုပ်ရှားလာခဲ့သည်။ သူက မက်ခါသားရဲ၏အလင်းကြာပွတ်များအောက်မှ ခက်ခက်ခဲခဲရုန်းထွက်နေဟန်ပင်။

ငါဒါတွေဆီကလွတ်ရင် ပြန်ပြီးတိုက်ဖို့အခွင့်အရေးရနိုင်တယ်...

စုကျီနန်က ရုန်းနေရင်းတန်းလန်းနှင့်ပင် လက်မောင်းပေါ်ရှိအလင်းကြာပွတ်များက အားလျော့သွားသည်ကို ခံစားမိခဲ့သည်။

“အဲ့ကြောင်က အလင်းကြာပွတ်တွေကိုတဖြည်းဖြည်းဖြေလျော့ပေးနေသလိုပဲ...”

“ဆက်ပြီးမထိန်းနိုင်တော့တာများလား...”

“ဖြစ်နိုင်တာ ယွမ်ရှင်းကျဲရဲ့ကာယကြံ့ခိုင်မှုက ဂိတ်ဆုံးရောက်သွားတာလား...”

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now