Heatဝင်ချိန် ဖြစ်ပေါ်လာသည့် ဆတ်ဆိတ်ထိမခံနိုင်မှုနှင့်  ဒေါသထွက်မှုတို့က ဤအချိန်တွင် ရောင်ပြန်ဟပ်လာသည်။

ယွမ်ရှင်းကျဲပြိုင်ပွဲကွင်းထဲမှ လမ်းလျှောက်ထွက်လာချိန်တွင် အဆောင်သို့ တိုက်ရိုက်သွားလိုသော်လည်း သူ မတ်တပ်ပင် မရပ်နိုင်တော့ပေ။

အပြင်ဘက်မှ ကောင်းကင်ကြီးက မီးခိုရောင်တောက်နေပြီး မြေပြင်ကလည်း မိုးရွာသွန်းထားသည့်အတွက် စိုစွတ်နေသည်။

လမ်းမပေါ်တွင် ခြေကျင်လျှောက်နေကြသူများ၏ဘေးမှ နာနိုထီးအကြည်ရောင်ကိုင်ထားသည့် မိုးကာပေးသည့်စက်ရုပ်များကလည်း  သူတို့သခင်၏ကိုယ်ပေါ် မိုးရေတစ်စက်မကျစေရန် ထီးဆောင်းပေးထားကြသည်။

ယွမ်ရှင်းကျဲက ထိုကဲ့သို့စက်ရုပ်မျိုးကို မခေါ်လာခဲ့ပေ။ မိုးစက်များက သူ၏ဆံပင်နှငိ့ အဝတ်အစားများပေါ် ကျဆင်းနေပြီး လေအေးတစ်ချက်က အင်္ကျီကော်လံကို ဖြတ်သန်းတိုက်ခတ်သွားသည်။ သို့သော် အေးစိမ့်မှုက သူ၏ခန္ဓာကိုယ်မှ တရိပ်ရိပ် မြင့်တက်လာသော အပူချိန်ကို မတားဆီးနိုင်ခဲ့ပေ။

ထိုအချိန်တွင် ယွမ်ရှင်းကျဲ သူ၏ဂလင်းမှ နာကျင်မှုကို ခံစားလိုက်ရပြန်သည်။ အပူက သွေးကြောမှတစ်ဆင့် ပခုံးပေါ်ထိ ရောက်လာကာ စီးကျတော့မည်ဟုပင် ထင်ရသည်။

ထိတ်လန့်သွားသော ယွမ်ရှင်းကျဲမှာ မည်သူမှ မရှိနေသည့် နေရာတစ်ခုကို ရှာဖွေလိုက်ရသည်။ အနီးနားမှအဆောက်အဦးများတွင် အိုမီဂါများအတွက် နားနေခန်းများ ပါရှိသည့် လေ့ကျင့်ရေးခန်းမများ ရှိသည်။

သူ တစ်ဖက်ကိုလှည့်ကာ လေ့ကျင့်ရေးခန်းမများဆီသို့ လျှောက်သွားလိုက်သည်။ မိုးနှင့် လေပြေတို့ကြောင့် လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် မရေမတွက်နိုင်သော ပွင့်ဖတ်များ ကျဆင်းနေသညိ။

ယွမ်ရှင်းကျဲ လေ့ကျင့်ရေးခန်းမသို့ မရောက်မီမှာပင် နှင်းဆီရနံ့တစ်မျိုးက ရုတ်တရက် သူ့နှာခေါင်းထဲဝင်လာသည်။ ၎င်းက လတ်ဆတ်နွေးထွေးနေပြီး ဟော်မုန်းဓာတ်အနည်းငယ် ပါဝင်နေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now