လော့ဝမ်ချွမ်းက အေးစက်စက်လေသံဖြင့် ပြန်ဖြေလိုက်သည်။

" ငါ မင်းရဲ့ မေးခွန်းကို ဖြေပြီးသွားပြီလေ ..."

ခယ့်လိုင်က လော့ဝမ်ချွမ်း၏ဘေးသို့ ရောက်လာပြီး လေးလေးနက်နက်ပြောလိုက်သည်။

" အရင်တစ်ခေါက်က ယွမ်ရှင်းကျဲ မင်းရဲ့မက်ခါတံတောင်ဆစ်ကို ပြင်ပေးခဲ့တာ တိုက်ဆိုင်မှုဆိုပေမယ့် ဒီတစ်ခါ သူ့ရဲ့စွမ်းရည်ကို တွေ့လိုက်ပြီပဲ ... အဲ့ဒီ ပါရမီရှင်တွေကို ဖယ်လိုက်မယ်ဆို သူက ငါတွေ့ဖူးတဲ့အထဲမှာ အသန်မာဆုံးပဲ ..."

လော့ဝမ်ချွမ်း ဘာမှမပြောပေ။

ခယ့်လိုင်က သူ့စကားဆုံးသွားသော်လည်း လော့ဝမ်ချွမ်းက ဘာမှမပြောသဖြင့် ဆက်ပြောလိုက်သည်။

" ပြီးတော့ မင်းရဲ့မက်ခါ တံတောင်ဆစ်ကို တခြားမက်ခါဆရာတွေကို အရင်ကပြဖူးတယ် ... ယွမ်ရှင်းကျဲကလွဲရင် အကုန်လုံးက အဆင်ပြေတယ် ပြောကြတာပဲလေ ...အဲ့ဒါကိုက သူ့ရဲ့စွမ်းရည်ကို ပြနေတာပဲ ..."

လော့ဝမ်ချွမ်းက ခယ့်လိုင်ကို ခဏစိုက်ကြည့်နေပြီးနောက် ဖြည်းညှင်းစွာမေးလိုက်သည်။

" နိုင်ငံတကာ ချန်ပီယံပြိုင်ပွဲက ပြိုင်ပွဲတစ်ခုကို မင်းမေ့သွားတာလား ..."

ခယ့်လိုင် အံ့အားသင့်သွားသည်။

လော့ဝမ်ချွမ်းက ဤကိစ္စကို ဆက်မပြောချင်တော့သကဲ့သို့ လှည့်ထွက်သွားသည်။

ခယ့်လိုင် ခဏတာမှင်သက်သွားပြီးသည့်နောက် အသံတိုးတိုးဖြင့် လော့ဝမ်ချွမ်းကို ပြောလိုက်သည်။

" ငါ သေချာပေါက် မမေ့ပါဘူး ... ယွမ်ရှင်းကျဲက အိုမီဂါဖြစ်နေလို့ မင်း စိတ်ပူနေတာမလား ..."

ခယ့်လိုင်ခဏရပ်သွားပြီးနောက် သူ့အသံက မကြားရလောက်သည်အထိ တိုးညှင်းသွားသည်။
" မင်းက အိုမီဂါတွေရဲ့ ဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်တာလည်း ငါသိတယ် ..."

ထိုစကားများ ပြောပြီးသည့်နောက် လေထုက ခဏတာ သိပ်သည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

လော့ဝမ်ချွမ်း၏ အမူအယာက အလွန်မပြောင်းလဲသွားသည့်အပြင် ရှေ့သို့ဆက်လျှောက်နေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now