" ယွမ်ရှင်းကျဲက အရမ်းတော်တာပဲ ... သူ တကယ်ကြီး နိုင်သွားတယ်ပေါ့ ..."

" သူက ပြိုင်ပွဲရဲ့ ဒုတိယတစ်ပိုင်းလုံးကို သေချာကိုငါတွယ်သွားတာပဲ ...သူ မနိုင်ဘူးဆိုမှ ထူးဆန်းနေမှာ ..."

" သူက A+အဆင့် ကြယ်နှစ်ထပ်မက်ခါမောင်းသူတစ်ယောက်လို့ ပြောရင်တောင် ချဲ့ကားပြောတယ်လို့ထင်မိမှာမဟုတ်ဘူး ..."

" သူနိုင်ပြီ ... တကယ်နိုင်သွားပြီ ... ယွမ်ရှင်းကျဲက ကာလက်ကို နိုင်သွားပြီတဲ့ ..."

ချီယုက ကွင်းထဲသို့ မှင်သက်မိန်းမောစွာကြည့်နေသည်။

ထို့နောက် ချီယုက စုကျီနန်ဘက်သို့လှည့်ကာ အံ့ဩဝမ်းသာနေသော အသံဖြင့်ပြောလိုက်သည်။

" စုကျီနန် မင်း မြင်လိုက်လား ... ကြည့်ရတာ ယွမ်ရှင်းကျဲက အရမ်းတော်လာတဲ့ပုံပဲ ..."

စုကျီနန်က ပြုံးပြကာ ပြောလိုက်သည်။ သို့သော် သူ၏အပြုံးက စိတ်ထဲကမပါပဲ အတင်းလုပ်ယူထားသာ့် အပြုံးဖြစ်သည်။

" ညီလေးရှင်းကျဲကို အဲ့လောက်တော်မယ် မထင်ထားဘူး ... သူက ပုန်းကွယ်နေတဲ့ ရတနာလေးပဲ ..."

ချီယုက ခဏတာပျော်ရွှင်နေပြီးနောက် သူ၏စိတ်အခြေအနေက ရုတ်ချည်း ရှုပ်ထွေးသွားသည်။ မူလက ယွမ်ရှင်းကျဲ သူ့ကိုယ်သူ အရူးလုပ်ကာ သူ၏မက်ခါ အပိုင်းပိုင်းဖျက်စီးခံလိုက်ရ၍ အကူအညီတောင်းနေမည့်မြင်ကွင်းကို ကြည့်လိုသောကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယွမ်ရှင်းကျဲ၏ အနိုင်ရရှိမှုကြောင့် သူအံ့အားသင့်သွားလိမ့်မည်ဟု မထင်ခဲ့မိပေ။

ချီယုက ကွင်းထဲတွင် သူနှင့်အတူတိုက်ခိုက်ပေးနိုင်မည့် အဖော်တစ်ယောက်ကို ရှာချင်နေသည်မှာ ကြာလှပြီဖြစ်သည်။ စုကျီနန်က သူနှင့်အဖွဲ့တည်းသားချင်းဖြစ်လာချိန်တွင် သူနှင့် စေ့စပ်ထားသူ ယွမ်ရှင်းကျဲကို  အားမလိုအားမရ ဖြစ်လာခဲ့သည်။

သူ ယွမ်ရှင်းကျဲကို အမြဲတမ်းပြောမိနေသည်မှာ ...
မင်း  စုကျီနန်ဆီက မသင်ယူနိုင်ဘူးလား ... ဟူသည့်စကားပင်ဖြစ်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now