မြှောက်ပေးလိုက်သည့်လူက သူဖြစ်ကြောင်း ဘယ်သောအခါမျှ ဝန်ခံမည်မဟုတ်ပေ။

လုရန်ရှု ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
" ရှင်းကျဲက အဲ့ဒါကိုကျားလို့ပြောပေမယ့် ငါဘယ်လိုပဲကြည့်ကြည့် အဲ့ဒါက ငါတို့မိသားစု အရင်တုန်းကမွေးဖူးတဲ့ စိတ်မမှန်တဲ့ကြောင်နဲ့ ပိုတူတယ် ... ကြည့်ရတာ ရုပ်ဆိုးရုံမကဘူး သူ့အပြုအမူကလည်း သာမန်ပါပဲ ..."

" သူ ဘာတွေများ တွေးနေပါလိမ့် ..."

အော်ရီရယ်က သူ့နဖူးကိုသူ ရိုက်နေပြီး ရှေ့ကိုတည့်တည့်မကြည့်နိုင်တော့ပေ။

" ကြယ်နှစ်ထပ်မက်ခါက မောင်းနှင်သူရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအားကို နှစ်ခု ခွဲထားဖို့လိုတယ် ... ပြီးတော့ သူက စိတ်ပိုင်းဆိုင်ရာအားနှစ်ဆ လိုတယ်ဆိုတော့ စက်နှိုးဖို့တောင်ခက်တယ် ... သူ့ရဲ့စိတ်ထိန်းချုပ်စွမ်းရည်က အဲ့လောက်သန်မာလို့လား ..."

" ငါ သူ့ကို အစတည်းက အကြံပေးခဲ့ပါတယ် ..."
‌လုရန်ရှုက ယွမ်ရှင်းကျဲ၏ ကြယ်နှစ်ထပ်မက်ခါကိုကြည့်ကာ ဖြည်းညင်းစွာပြောလိုက်သည်။

" ဒါပေမဲ့ သူက မက်ခါကို နှစ်ရက်အတွင်း အောင်အောင်မြင်မြင် ပြန်ပြင်နိုင်ခဲ့တာဆိုတော့ ဆန်းကြယ်မှုကြီးလို့ပဲ ပြောရမှာ ... အဲ့တော့ သူ့ကိုပဲ ထပ်ယုံလိုက်ရအောင် ..."

ထိုစကားကိုကြားပြီးသည့်နောက် အော်ရီရယ်က သု့အကြည့်များကို ကွင်းလယ်သို့ ရွှေ့လိုက်သည်။ မက်ခါနှစ်ခုက ကြည့်ရဆိုးသော်လည်း ၎င်းက စံနှုန်းပြည့်မီသည့် ကြယ်နှစ်ထပ်မက်ခါဖြစ်သည်။ ယွမ်ရှင်းကျဲ၏ ပြန်လည်မွမ်းမံခြင်းစွမ်းရည်က အားလုံးမျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။

" သူ့ဘာသူ ပြန်ပြင်ထားတာတဲ့လား ..."
ချီယု၏ မျက်လုံးများပြူးကျယ်လာပြီ မတ်တပ်ထရပ်မတတ်ပင် ဖြစ်သွားသည်။

" ယွမ်ရှင်းကျဲက  မက်ခါတွေပြင်တတ်အောင် ဘယ်တုန်းက သင်လိုက်တာလဲ ... ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး ... ငါ သူ့ကို သိလာတာကြာပြီ သူက မက်ခါ ဘာလဲဆိုတာတောင်  နားလည်ရုံလေးလေ ..."

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now