"ရှင်းကျဲ မင်းပြန်သွားပြီး​ကောင်း​ကောင်းနားလိုက် "

လုရန်ရှုကဆိုလိုက်သည်။

"မင်းဒီ​နေ့ပင်ပန်းသွားပြီ"

ကျိုး​ဖေးရွယ်ကလည်းယွမ်ရှင်းကျဲကို​ခေါင်းငြိမ့်ပြလိုက်သည်။

"မင်း​ကောင်း​​​ကောင်းလုပ်ခဲ့တယ်၊ ဒီစံချိန်ကိုထိန်းထား"

ယွမ်ရှင်းကျဲမှာအလွန်ပင်ပန်း​နေပြီး ​ကျောင်းသို့ ယာဥ်ပျံစီးလျက်ပြန်သွားခဲ့သည်။ ပြိုင်ပွဲပြီးသည့်​နောက် ယွမ်ရှင်းကျဲမှာရှင်းဟိုင်တက္ကသိုလ်အတွင်း လူ​ပြောအများဆုံးသူဖြစ်လာခဲ့သည်။

​ကျောင်းဖိုရမ်တစ်ခုတွင်

"​လော့၀မ်ချွမ်းသူ့ရဲ့စွမ်းအားအမှန်ကိုဒီနှစ်မှာချပြခဲ့တာလား"

"​လော့၀မ်ချွမ်းတစ်​ယောက်​ဒီနှစ်မှာကျောင်းအသင်းကို ဆီမီးဖိုင်နယ်ထိဆွဲ​ခေါ်သွားနိုင်မလား"

ထိုကဲ့သို့ပိုစ့်များဖြင့်ပြည့်​နေခဲ့သည်။ ထို့​နောက်အခြားပို့စ်များမှာ

"ပထမနှစ်ရဲ့ ပထမ​နေရာကတကယ်ပဲ အိုမီဂါတစ်​ယောက်လား၊ "

"အဲဒီအိုမီဂါက ​ပြောင်​မြောက်လွန်းတယ်"

"အိုမီဂါတစ်​ယောက်က ငါ့ထက်ရလဒ်ပို​ကောင်း​နေတာကို ငါမယုံနိုင်ဘူး" အစရှိသည်တို့ဖြစ်​လေသည်။

လူတိုင်းမှာ ယွမ်ရှင်းကျဲ၏စွမ်းအားအစစ်အမှန်အ​ကြောင်းကို​ဆွေး​နွေး​နေကြသည်။

"ငါ၀င်ခွင့်ပြိုင်ပွဲဗီဒီယို ကိုကြည့်ပြီးပြီ ၊ ယွမ်ရှင်းကျဲကတကယ်ဗျူဟာသခင်ကြီးပဲ၊ သူ့မှာအဲလိုကြံရည်ဖန်ရည်မျိုးရှိလိမ့်မယ် ဘယ်သူ့မှထင်ထားမှာမဟုတ်ဘူး၊ ဒါ​ပေမယ့် သူ့အသင်း​ဖော်​တွေသာမပါရင်သူက၀င်ခွင့်​တောင်မ​အောင်​လောက်ပါဘူး၊ သူ့ရဲ့စိတ်စွမ်းအားနဲ့ ကိုယ်ခံအားကဒီ​လောက်နိမ့်တာ"

"ဒါ​ပေမယ့်ယွမ်ရှင်းကျဲက ပန်းမ၀င်ခင်သူ့စ​​ကေး​တွေပြသွား​သေးတယ်​လေ၊ မက်ခါသုံးစီးရဲ့ ဒူးကိုပိုင်းချလိုက်တုန်းကဆို သူ့အလျင်ပဲဖြစ်ဖြစ် ချိန်ဆမှုပဲဖြစ်ဖြစ် Aအဆင့်​တစ်​ယောက်ထက်​တော့မ​လျော့ဘူးကွ"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now