တစ်စုံတစ်​ယောက်က ဆက်သွယ်​ရေးကိရိယာမှတဆင့်သူငယ်ချင်းများကိုသတင်းပို့နေခဲ့သည်။

"​သေစမ်း ပထမနှစ်ရဲ့ ပထမ​နေရာကိုရသွားတာဘယ်သူလဲသိလား အိုမီဂါကွ ၊ အိုမီဂါတစ်​ယောက်၊ အခုပြန်လာပြီး လာကြည့်"

တစ်​ယောက်ကမူဗီဒီရိုရိုက်ကူး​နေရင်းပါးစပ်ကလည်းအဆက်မပြတ်

"ဟယ်လို အားလုံးပဲ ကျွန်​တော်က ပထမနှစ်​တွေရဲ့ပြိုင်ပွဲရလဒ်ကိုအားလုံးအတွက် ထုတ်လွှင့်​ပေး​နေတာပါ၊ ဒီနှစ်ပထမ​နေရာက အိုမီဂါတစ်ယောက်ပါ၊ ကျွန်​တော့်အ​မေ​တောင်လန့်သွားတယ်ဗျ"

တချို့ကမူမယုံနိုင်စွာ

"ငါကပထမနှစ်​ကျောင်းသား အိုမီဂါ​လေး​လောက်​တောင်အသုံးမကျဘူးလား"

​သေချာ​ပေါက်ပင် အံ့အားအသင့်ဆုံးသူများမှာ ချီယုနှင့်စုကျီနန်တို့ဖြစ်သည်။ ချီယုသည် ကြီးမား​သောမျက်နှာပြင်ကြီးကို​ကြောင်အစွာကြည့်လျက် သူ၏ခံစားချက်မှာလွန်စွာထူးဆန်း​နေခဲ့သည်။

​ဘေးပါတ်၀န်းကျင်မှအသံများမှာဝေးကွာသွားပြီး မည်သည့်​ဆွေး​နွေးသံကမျှသူ့နားထဲကိုမ၀င်​တော့၊ သူ၏ဦး​နှောက်မှာဗလာဖြစ်လျက်။

ချီယုက သူ့ စေ့စပ်ထားသူအား မည်သည့်​နေရာကမျှ​ကျေနပ်မှုမရှိခဲ့​ချေ။ ထို့​နောက်​ကျောင်း၏အသန်မာဆုံးအိုမီဂါစုကျီနန်ကို​တွေ့​သောအခါတွင် ယွမ်ရှင်းကျဲမှာ အဘယ်​ကြောင့် စုကျီနန်ကဲ့သို့သူနှင့် ပုခုံးချင်းယှဥ်မရပ်နိုင်ရသနည်းဟု​တွေးမိ​လေသည်။
အဘယ်​ကြောင့်တံမြက်စည်းလှည်းရခြင်း၏ ချက်ပြုတ်ရခြင်းကိုသာနှစ်သက်​နေပါသနည်း။

သူ၏ဘ၀ကိုဤကဲ့သို့အိုမီဂါမျိုးနှင့်အမှန်တကယ်ကုန်ဆုံးနိုင်ပါမည်လား။

လူငယ်လေးမှာ အလင်းဓါးမက်ခါမှထွက်လာ​သောအခါ သူ၏နူးညံ့​သောမျက်နှာ​လေးမှာ အလင်းမျက်နှာပြင်ကြီး​ပေါ်တွင်​ပေါ်လာခဲ့လျှင် ချီယုနှလုံးခုန်တို့မြန်လာခဲ့​လေသည်။

ယွမ်ရှင်းကျဲတွင်ဤမျှခန့်ညား​​သောအခြမ်းရှိမည်ဟု သူမ​မျှော်လင့်ထားမိ​ချေ။ ၀င်ခွင့်ပင်​အောင်လိမ့်မည်ဟုသူမထင်ထား​သောယွမ်ရှင်းကျဲမှာ ပထမ​နေရာကိုပင်ယူသွားခဲ့သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now