​တောအုပ်မှာ အတားအဆီးများစွာဖြင့်၀င်္ကပါကဲ့သို့ရှုပ်​ထွေးလှသည်။ ၎င်းမှာမှန်ကန်​သော​ရွေးချယ်မှုပင်။သို့​သော်..

သူတို့ဘာ​တွေလုပ်​နေတာလဲ၊ ကျိုး​ဖေးရွယ် မျက်​မှောင်မကျုံ့ပဲမ​နေနိုင်​ချေ။

"​အော်ရီရယ်နဲ့ လုရန်ရှု မင်းတို့​နောက်ကလိုက်ဖို့အဆင်​ပြေတဲ့ အသင်း​တွေ့ပြီလား"

ယွမ်ရှင်းကျဲမှာ မက်ခါတချို့​နောက်မှလိုက်ရင်း ကြိုးမဲ့ ဆက်သွယ်​ရေးကိရိယာကိုသုံးလျက် ​မေးလိုက်သည်။

"​အော်ရီရယ် ​တောအုပ်ရဲ့အ​နောက်ပိုင်းအခြမ်းကိုတာ၀န်ယူ​ပေးပါ၊ ရန်ရှုကအ​ရှေ့ဘက်ကိုသွား၊ ငါကအလယ်မှာရှိမယ်"

"အင်း"

"နားလည်ပြီ"

နှစ်ဦးသားတချိန်တည်းတွင်တုန့်ပြန်လိုက်သည်။
ယွမ်ရှင်းကျဲ၏ဗျူဟာမှာ အသင်းလိုက်ခွဲထွက်ခြင်းဗျူဟာပင်။ တစ်​ယောက်ချင်းစီက ​တောအုပ်၏မတူ​သောအပိုင်းကိုတာ၀န်ယူလျက် တခြားအသင်းမက်ခါများ​နောက်မှကပ်လိုက်ကြသည်။ အန္တရာယ်များကာ ​ကျော်လွှားရခက်​သော အတားအဆီးများကို​တွေ့လျှင် ​မြေပုံတွင်မှတ်သားကြမည်ဖြစ်ကာ အသင်း​ဖော်များကို သတိ​ပေးပြီးဦးတည်ရာအမြန်​​ပြောင်းကြမည်ဖြစ်သည်၊

ထိုနည်းတူစွာ တစ်စုံတစ်​ယောက်က ​ချော​မွေ့​ကာအန္တရာယ်ကင်း​သောလမ်းကို​တွေ့ပါကာ အသင်း​ဖော်များကို​ပြောကာ ထိုလမ်းအတိုင်းသွားကြမည်ဖြစ်သည်၊ မိမိတာ၀န်ယူ​ထား​​သောဧရိယာကိုသာမက အနီးပါတ်၀န်းကျင်​၏အ​ခြေအ​နေကိုလည်းသတိပြုနိုင်သည်။

မိမိသွားရာလမ်းတွင် အန္တရာယ်ရှိ​နေပါက မိမိအသင်း​ဖော်​ပေးသာ နီးစပ်ရာဧရိယာသို့အလျင်အမြန်​ရှောင်တိမ်းနိုင်လသည်။

"​အော်ရီရယ် မင်းဘက်မှာဆင်​​ခြေ​လျှောတစ်ခုရှိ​နေတယ်၊ " ယွမ်ရှင်းကျဲမှာ မိမိလမ်းကိုကြည့်​နေစဥ်မှာပင် အသင်း​ဖော်အားလည်း လှမ်းသတိ​ပေးလိုက်သည်။

"လုရန်ရှု အရှိန်ကိုနည်းနည်းတင်လိုက်၊ ပြီး​တော့​နေရာ​တွေပိုမှတ်​ပေးပါ"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now