လူအုပ်မှာချက်ချင်း​သွေးဆူလာ​တော့သည်။

"၀င်ခွင့်ပြိုင်ပွဲက​တော့အတားအဆီးဖြတ်​ကျော်ခြင်းပဲ "

ကျိုး​ဖေးရွယ် စည်းမျဥ်းများကို စတင်ရှင်းပြလိုက်သည်။

"မင်းကပြိုင်ပွဲအတွင်းမှာ ပြိုင်ဘက်ကိုတိုက်ခိုက်နိုင်တယ်၊ ဒါ​ပေမယ့်မလိုအပ်ရင်မတိုက်ဖို့​တော့ငါအကြံ​ပေးချင်တယ်၊ ခုံး​ကောင်နဲ့ ဗိုလ်စားငှက်နဲ့တိုက်ခိုက်​နေတုန်း တံငါသည်ကအကျိုးရှိသွားတာကိုမ​မေ့နဲ့၊ ကျန်တဲ့သူ​တွေကမင်းတို့ကို​ကျော်သွားလိမ့်မယ်"

ယွမ်ယှင်းကျဲ သည် ယခင်နှစ်များက ပြိုင်ပွဲ၀င်ခွင့်ဗီဒီယိုများကိုကြည့်ထားသည်ပင်။ ကျိုး​ဖေးရွယ်​ပြောသည့်အတိုင်းပင်၊ တိုက်ခိုက်မှုအနည်း​ရှိကြသည်။

အတားအဆီးဆိုသည်တွင် ပစ်မှတ်ချိန်​သော လက်နက်တချို့၊ စက်ရုပ်သားရဲများ၊ ​သေးငယ်​သော ​သားရဲအရိုင်းများ၊ နှင့် ၀င်္ကပါကဲ့သို့ပတ်လမ်းများပါ၀င်သည်။

၄င်းသည် ထိခိုက်မှုအများအပြားမဖြစ်​စေသည့်တိုင် ​ကျော်ဖြတ်ရန်လည်းခက်လှသည်ပင်။ ဤကဲ့သို့အ​ခြေအ​နေမျိုး​တွင် အဖွဲ့လိုက်လှုပ်ရှားမှုကအ​ကောင်းဆုံး​ဖြေရှင်းနည်းပင်ဖြစ်သည်။

ကျိုး​ဖေးရွယ်စည်းမျည်းများကိုရှင်းပြပြီးသည်နှင့် လူတိုင်းသည် ​လေ့ကျင့်​ရေး ပုံရိပ်​ယောင်စက်များထဲ၀င်လိုက်ကြ​တော့သည်။

ပုံရိပ်​ယောင် ​လေ့ကျင့်​ရေးစက်၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားလိုအပ်ချက်မှာ မက်ခါ​တစီးနှင့်မခြားနား​ချေ။ ​ပုံရိပ်​ယောင်စက်ကိုမောင်းနှင်သူမှာ တိုက်ပွဲအမျိုးမျိုးကို ​နေရာမှာရပ်လျက် ကြုံ​တွေ့နိုင်သည့်အချက်သာကွာခြား​လေသည်။

ယွမ်ရှင်းကျဲလည်း ပုံရိပ်​ယောင်​လေ့ကျင့်​ရေးခန်းသို့၀င်လိုက်သည်နှင့် အလင်းမျက်နှာပြင်တွင်​​ပေါ်ခါ​သောပုံရိပ်မှာတောအုပ်တစ်ခုဖြစ်ကာ အလွန်အစစ်နှင့်တူလှသဖြင့် စိတ်ကိုရာ​ထွေး​စေလုနီးပါးပင်။

ထို့အပြင် ​ရွေးချယ်စရာအများအပြားရှိလျက် သူတို့သည် မိမိတို့၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားနှင့်ကိုက်ညီ​သော မက်ခါအမျိုးအစားကို​ရွေးချယ်နိုင်​လေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now