သို့​သော် မက်ခါမှာမွမ်းမံမှုအများအပြားလုပ်ထားသည်မို့ အဓိကကိုယ်ထည်ပုံသဏ္ဍာန်မှလွဲလျှင် ကျန်အ​သေးစိတ်များမှာမူအနည်းငယ်ကွဲပြား​နေခဲ့သည်။မက်ခါအားပထမဆုံးအကြိမ်​တွေ့ခဲ့စဥ်က ယွမ်ရှင်းကျဲသည် မက်ခါနှင့်ချိတ်ဆက်ထား​သော တံ​တောင်အ​ကွေးမှာ ပြသနာဖြစ်​နေသည်ဟုထင်ခဲ့သည်။ ​မောင်းနှင်သူမှာလည်းဤသည်က်ု သတိထားမိပြီး ပြင်​ကောင်းပြင်ခဲ့ဖူးလိမ့်မည်။ သို့​သော် အဆင်​ပြေခဲ့ပုံမ​ပေါ်​ချေ။ ထို့​​ကြောင့် ပြုပြင်​ရေးနက်ခ်၀ါ့​ပေါ်တွင် အကူအညီရှာခဲ့ခြင်းဖြစ်လိမ့်မည်။

ယွမ်ရှင်းကျဲလည်း​နောက်တစ်ဆင့်ကိုလုပ်​ဆောင်လိုက်သည်။ တံ​​တောင်​ကွေးမှပြသနာကိုတွက်ချက်ရင်း စိတ်ထဲမှလည်းအကြံများထုတ်လျက်၊ သူ့တွင် ပစ္စည်အများအပြားမ၀ယ်ခဲ့သဖြင့် တံ​တောင်​ကွေးအသစ်တစ်ခုတပ်ဆင်​ပေးရန်မဖြစ်နိုင်​ချေ။ မူလတံ​တောင်​ကွေး၌သာမွမ်းမံမှုတချို့ပြုလုပ်နိုင်သည်။
ထို့​ကြောင့်အလွန်သတိထားရန်လိုအပ်လေသည်။

မက်ခါ၏တံ​တောင်​ကွေးမှာ လူတစ်​ယောက်၏တံ​တောင်ဆစ်နှင့်အတူတူပင်ဖြစ်သည်။ လူလက်၏ဖွဲ့သည်းပုံကဲ့သို့ပင် ​ပျော့​ပျောင်းမှု မာ​​ကြောမှု တင်းကုပ်မှု ခိုင်မာမှုများထပ်တူရှိရန်လိုအပ်သည်၊

တံ​တောင်​ကွေးအားမွမ်းမံရန် သူသည် အ​​ရှေ့ပိုင်းနှင့်အတွင်းပိုင်းကိုခွဲခြားလျက် အတွင်းရှိ အရိုးကဲ့သိူ့အ​ထောက်အပံ့​နေရာကို ခိုင်မာမှုနှင့် ​ပျော့​ပျောင်းမှုတို့မြှင့်တင်​ပေးရန်လိုအပ်​လေသည်။

ဤကဲ့သို့မွမ်းမံမှုမှာ ရိုးရှင်းလျက်တဲ့တိုးဆန်သည်။ ကိရိယာအများအပြားလည်းမလိုအပ်​ချေ။
သို့​သော်လည်းအတွင်းဘက် အရိုးတည်​ဆောက်ပုံနှင့်လည်း ပါတ်သတ်​နေသည်မှု ရိုးရှင်းသည်ဟုလည်းမဆိုနိုင်ပြန်​ချေ။ ထို့​ကြောင့်လည်းအ​တွေ့အကြုံမရှိ​သော ​​ကျောင်းသားများက အမှာစာကို လက်မခံရဲခဲ့ခြင်းပင်။

သို့​သော်ယွမ်ရှင်းကျဲအတွက်မူ ပြသနာမဟုတ်​ချေ။
သူသည်လက်​မောင်းကြားမှ အချိတ်အဆက်အား ကျင်လည်စွာဖွင့်လျက် ​လေ့လာကြည့်လျင် တံ​တောင်​ကွေးဖွဲ့စည်းမှုမှာ အဆင့်မြှင့်တင်နိုင်​ကြောင်း​တွေ့လိုက်ရသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now