ပုံမှန်ဆိုလျှင် ​လေကျယ်သူအများစုမှာ "ဒီမက်ခါကိုကြိုက်တယ် "ဘာညာဖြင့် ​လျှောက်​ပြောကြလိမ့်မည်။

သို့​သော် လူငယ်​လေး၏မျက်လုံးထဲတွင်​​တော့ မက်ခါအ​ပေါ်နှစ်သက်မှုအား ခိုင်မာစွာ မြင်နိုင်​​ပေသည်။

"သူ​ဌေး ​သိမ်းထား​ပေးပါ​​နော်" ယွမ်ရှင်းကျဲ ဆိုင်ရှင်အား စူးစိုက်ကြည့်လျက် ဆိုလိုက်သည်။ တဖက်ကသ​​ဘောမတူမချင်း သူထွက်သွားမည်မဟုတ်
"တခြားသူကိုမ​ရောင်းရဘူး​နော်"

ဆိုင်ရှင်မှာ ငိုရအခက် ရယ်ရအခက်ဖြင့်ပင်
"​အေးပါ၊ ငါကတိ​ပေးပါတယ်၊ မင်းရဲ့ ဆက်သွယ်​ရေးနံပါတ်ကိုထားခဲ့​ချေ"

ယွမ်ရှင်းကျဲလည်းထို​တော့မှ စိတ်​ပြေ​လျော့လျက်
ဆိုင်ရှင်၏လက်အားဆုပ်ကိုင်လျက် ​ကျေးဇူးတင်​​ကြောင်းအကြိမ်ကြိမ်​ပြောပြီး​တော့မှ ထွက်သွား​တော့သည်။

မက်ခါတစ်စီးကသ​ချောပြီဖြစ်​သော်လည်း ယွမ်ရှင်းကျဲ စိတ်မ​လျော့နိုင်​သေး။

မက်ခါပြိုင်ပွဲအတွက်စာရင်း​ပေးရမည်မှာ အချိန်တပါတ်သာရှိသည်မို့ သူသည်ကြယ်ဒင်္ဂါး ၅၀၀၀၀အား တစ်ပါတ်အတွင်းရမှဖြစ်မည်။

ယွမ်ရှင်းကျဲအတွက် ဤပြိုင်ပွဲမှာ မက်ခါ​မောင်းနှင်ခြင်းတိုက်ခိုက်ခြင်းတို့ကို အပြည့်အ၀ခံနိုင်မည့်အခွင့်အ​ရေးဖြစ်သည့်အပြင် တပါးသူတို့၏မက်ခါများကိုလည်း​​​လေ့လာနိုင်မည်ဖြစ်သည်။

သူဤအခွင့်အ​ရေးကိုလက်မလွှတ်နိုင်​ချေ။

​ကျောင်းသို့ပြန်သွားပြီး​​နောက် ယွမ်ရှင်းကျဲလည်း အိပ်​​ဆောင်မှ ဆိုဖာတွင် ထိုင်လျက် ပိုက်ဆံအမြန်ရမည့် အချိန်ပိုင်းအလုပ်များရှာ​ဖွေလိုက်သည်။

​​နောက်ဆုံးတွင် ​ကျောင်းဖိုရမ်တစ်ခုမှ စိတ်၀င်စား​လောက်ဖွယ် ပို့စ်တစ်ခုအား​တွေ့လိုက်ရ​တော့သည်။
၄င်းပို့စ်မှာ " ရှင်းဟိုင်တက္ကသိုလ် နက်၀ါ့ခ်အား အသုံးပြုသူများအတွက်: မက်ခါကို​သေချာမပြင်တတ်ရင်လည်း ​အော်ဒါလက်မခံပါနဲ့လား၊ ငါ့မက်ခါကနဂိုက ညာဘက်လက်နည်းနည်း​လေး​ပျော့​နေရုံပဲ၊
ငါ့မက်ခါကိုယူပြင်​ပေးတဲ့ ဘီတာက မက်ခါရဲ့ ညာလက်ကိုဖြုတ်လိုက်ပြီးမှ ပြန်မတပ်တတ်ဘူးတဲ့​လေ။
ဒီဘီတာက ပြိုင်ဘက် စစ်တက္ကသိုလ်ကလွှတ်လိုက်တဲ့ သူလျို တစ်​ယောက်​ဟုတ်မဟုတ် ငါ​မေးလိုက်ရ​တော့မလား"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now