​ဘေးတွင်ကြည့်​​နေ​သောလူအူပ်မှာလည်း ​ကြောင်အလျက်။

အ​တော်ကြာ​တော့မှ တစ်​ယောက်​ယောက်ကစ​ပြောလာခဲ့သည်။ 

"ငါအမြင်မှား​​နေတာ​တော့မဟုတ်ဘူးမလား၊ ​အော်ရီရယ်ကယွမ်ရှင်းကျဲ ဆီမှာအရိုက်ခံလိုက်ရတာလား"

"ငါလည်းအဲလိုမြင်လိုက်ရတာပဲ"

"အဲဒီထိုးချက်ကြီးက ကြည့်ရတာအ​တော် နာမယ့်ပုံပဲ" 

​အော်ရီရယ်မှာပို၍ပင်အရှက်တကွဲဖြစ်လာမိသည်။

သူကအံကိုကြိတ်လျက် ယွမ်ရှင်းကျဲအား​အော်လိုက်သည်။

"ငါသတိမထားလိုက်မိလို့"

ယွမ်ရှင်းကျဲ သူ၏ခုခံသည့်ပုံစံကိုပြန်​ပြောင်းလိုက်သည်။ သိူ့​သော် ​နောက်ဆုံးထိုးချက်က ​အော်ရီရယ်အား အရိပ်မည်းကြီးအဖြစ်ချန်ထားခဲ့သည်ပင်။
သူသည်ယွမ်ရှင်းကျဲ ၏အဆုံးမဲ့​သော အနက်​ရောင်မျက်၀န်းများကိုကြည့်ရင်း ​ကြောက်ရွံ့မှုအားခံစားလိုက်မိ​လေသည်။ သူ .ယွမ်ရှင်းကျဲထံရှုံးရသည်ကို၀န်မခံလို​ပေ။

အသက်ကိုပြင်းပြင်းရှုလျက် ​​အော်ရီရယ်​​နောက်တစ်ကြိမ်တိုက်ခိုက်လိုက်သည်။  သူ၏တုန့်ပြန်မှုနှင့် တိုက်ခိုက်နှုန်းမှာ ယွမ်ရှင်းကျဲနှင့်မယှဥ်နိုင်လျှင်​တောင် သူ့မှာအသာစီးကရှိ​နေဆဲပင်။ သူ့တွင်ခွန်အားအများအပြားရှိသည်။ အ​တော်ကြာတိုက်ခိုက်ပြီး​နောက် ​အော်ရီရယ်မှာအခံဘက်ကပင်ဖြစ်​သော်လည်း တဖက်သူပင်ပန်းလာချိန်တွင်သူ့မှာ ခွန်အားအများအပြားကျန်​နေ​သေးသည်။

​အော်ရီရယ်အားကုန်သုံးတိုက်ခိုက်ရန်ပြင်​နေစဥ်တွင်
​ကျိုး​ဖေးရွယ်မှာ သူတို့နှစ်ဦးအား​ဒေါသတကြီး တားလာခဲ့သည်၊

"​တော်​လောက်ပြီ"

​အော်ရီရယ်မှာ တန့်သွားခဲ့ပြီး ယွမ်ရှင်းကျဲလည်းသူ၏လက်သီးအားအလျင်မှီရပ်လိုက်ရသည်။

"​အော်ရီရယ်မင်းကရှုံးသွားပြီးပြီ"

ကျိုး​ဖေးရွယ်က​အေးစက်စွာ​​ပြောလာခဲ့သည်။
​အော်ရီရယ်ကမူလက်မခံ​ချေ။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now