တက္ကသိုလ်၀န်းတစ်ခုလုံးအတွင်းတွင် ၄င်းကလွန်စွာ မျက်စိကိုဖမ်းစားနိုင်လွန်းသည်။ ယွမ်ရှင်းကျဲမှာ ထိုမက်ခါကိုကြည့်​နေရင်း ​ကောင်းကွက်များနှင့် အပြစ်အနာအဆာများကို တွက်ချက်​နေခဲ့သည်။

'​လက်​ထောင့်ချိုး​နေရာက နည်းနည်းထပ်​ကောင်းဖို့လို​သေးတယ်၊ ​ခေါင်းနဲ့ကိုယ်အချိုးက​တော့မဆိုးပါဘူး၊ ဂျက်ကို​နေရာချထားတဲ့​နေရာက​တော့ သိပ်မဟုတ်​သေးဘူး၊ '

ယွမ်ရှင်းကျဲ၏​ခေါင်းထဲတွင် မက်ခါ၏ကိုယ်က အလျင်အမြန်တစစီဖြုတ်ပြီးသားဖြစ်သွားခဲ့သည်။ ထို့​နောက် အတွင်းရှိတပ်ဆင်ရမည့်ပစ္စည်းအ​သေးစိတ်ကိုအလိုလိုမြင်​ယောင်လာခဲ့သည်။ ထိုစဥ်တွင် အနက်​ရောင်မက်ခါ၏ပုံရိပ်ကလှုပ်ရှားသွားပြီး အလင်းဓါးတစ်​​ချောင်းကိုထုတ်လာခဲ့သည်။

​မက်ခါ၏စက်ရုပ်ကိုယ်ထည်က ကိုင်​ဆောင်ထား​သောရေခဲပြာ​ရောင်အလင်းဓါးမှာ အလွန်လှပ​သော ခုတ်ချက်များကိုပြသလျက်။ အဆိုပါ ခန့်ညား​သောလှုပ်ရှားမှုကိုမြင်လျှင် ယွမ်ရှင်းကျဲမျက်လုံး​တွေပြူးကျယ်သွားခဲ့သည်။

သူလည်းမ​နေနိုင်​တော့ပဲ မက်ခါ၏လုပ်​ဆောင်ချက်အားလိုက်တုပြီး အလင်းဓါးအား ခုတ်ချသည့် ဟန်လေးကိုလိုက်တု​နေမိသည်။ ဤကမ္ဘာသို့ရောက်လာပြီးသည့်​နောက် သူ့တွင် ကျန်းမာ​သော ကိုယ်ရှိ​နေခဲ့ပြီ၊ သူသည်မက်ခါတစ်စီးအား​မောင်းနှင်နိုင်ဖို့ အမြဲ စိတ်ကူးယဥ်​နေခဲ့ရသည်။ သူ့မှာ​ဆေးရုံကဆင်းစ​ပေမို့ မက်ခါတစ်စီးကိုမှလက်၀ယ်ပိုင်မရှိခဲ့​ချေ။ ထို့​ကြောင့် သူ့ဆန္ဒမှာမပြည့်၀ခဲ့။

ရုတ်တရက်ပင် မိမိမှာအနည်းငယ်​ကြောင်​တောင်ပြုမူ​နေမိမှန်းသတထားမိပြီး ပတ်၀န်းကျင်အားရှက်ရွံ့စွာတစ်ချက်ကြည့်ပြီး သူ့လက်ကိုပြန်သိမ်းလိုက်ရသည်။

သူလက်ကိုပြန်ရုတ်လိုက်စဥ် တစ်ခုခုကိုခံစားလိုက်မိပြီး သူ၏လက်ဖ၀ါးကိုဖြန့်ကြည့်လိုက်မိသည်။
အမျိုးသမီးဘီတာတစ်ဦးကမူ ထိုအိုမီဂါ​လေး၏ မက်ခါအားလိုက်တု​နေ​သောပုံစံ​လေးကလွန်စွာချစ်စရာ​ကောင်းသည်ဟုခံစားလိုက်ရသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now