International Play Boy Mg _29 ( past 1)

Start from the beginning
                                    

" ဗျာ "

" Jungkookကို ချစ်နေတုန်း "

Bogumမဝံ့မရဲ့မေးမိလေသည်။

" .... "

Taeဆီက အသံမကြားပါ။

တိတ်ဆိတ်ခြင်းဟာ ၀န်ခံခြင်းမည်ပေသလား။

စူးနစ်ကျင်တက်စွာ နာကျင်သွားသော ရင်ဘတ်တစ်နေရာ

အဲလိုဖြစ်မယ်ဆိုတာသိပေမဲ့ Bogumမျှော်လင့်ပြီသားပေမဲ့ သူ့နှလုံးသားကတော့ နားမလည်စွာ နာကျင်နေလေသည်။

ဒါတောင် နှုတ်ကဖွင့်ပြောတာမဟုတ်။

Taeနှုတ်ဖျားကသာ ဖွင့်ပြောရင်တော့ သူတော့ရင်ကွဲနာကျနိုင်လေသည်။

သူနာနာကျင်ကျင်လေးသာ ပြုံးမိနေလေသည်။

နာကျင်ယုံတင်သာ နာကျဉ်းတာမဟုတ်ပေ။
ဘယ်လောက်ဘဲ နာကျင်ပါစေ သူဘ၀မှာ မမုန်းနိုင်ဆုံးသူ Taeနဲ့သားလေးပါ။

" Hyung ကျွန်တော်သွားလိုက်ဦးမယ် "

ထွက်သွားတဲ့ Tae

သူလေးလည်း အားနာနေမှာပေါ့လေ
သူကိုယ်တိုင်က သိပ်ကိုနာကျင်နေပါလေသည်။

မင်းလေး Jungkookကိုချစ်တဲ့အချစ်တဲ့ အချစ်ထက် ကိုယ်မင်းကိုချစ်တဲ့ အချစ်ကပိုမှာသေချာတယ် Tae

ကိုယ်ကမင်းကို မင်းထင်တာထက်အများကြီး ပိုချစ်မြတ်နိုးတယ် Tae

အချို့အချစ်တွေက စစ်မှန်ခဲ့ပါသည်။
နားလည်မှု၊ ချစ်ခြင်းမေတ္တာ၊ သည်းခံမှုတွေနဲ့ မြတ်နိုးမှုတွေပါပေမယ့် ကိုယ်ပေးတဲ့အတိုင်းတော့ ပြန်မရခဲ့ပါပေ။

အချစ်ကို လူသန်းပေါင်းများစွာက အဓိပ္ပာယ်အမျိုးမျိုးဖွဲ့ဆိုထားခဲ့သည်။

ပေးဆပ်ခြင်း၊ ရယူလိုခြင်း၊ စွန့်လွှတ်ခြင်း၊ ရောင့်ရဲ့ခြင်း စတဲ့အဓိပ္ပာယ်အမျိုးမျိုးနဲ့ဖွင့်ဆိုခဲ့ပေမဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ဘယ်သူမှ ကောင်းကောင်းမသိ။

ဒါပေမဲ့ ဒြပ်မရှိတဲ့ အချစ်ကြောင့် နေ့စဉ်လူသန်းပေါင်းများစွာ ပျော်ရွင်ခြင်း၊ ၀မ်းနည်းခြင်း စသော ခံစားအမျိုးမျိုးကို ခံစားနေရလေသည်။

International Play Boy MgWhere stories live. Discover now