ပြီးတော့ တဖျတ်တဖျတ်ပေါ်လာတဲ့မှတ်ဉာဏ်တွေ နဲ့ ဂျောင်ကုအတွက် နောင်တရတဲ့ခံစားချက်။ အဲ့ဒါအပြင် ဂျစ်ကန်ကန်ဂျောင်ကုအတွက် သီးသန့်ရှိနေပြန်တဲ့ခံစားချက်တစ်ခု။

သူ့ကိုယ်သူလည်း တကယ်နားမလည်နိုင်တော့။ အမှန်ဆို သူအေးအေးဆေးဆေးနဲ့ သာမန်ဘဝကို သူဖြတ်သန်းချင်ခဲ့တာဖြစ်သည်။ နောက်ဆုံးအချိန်ရောက်တဲ့အထိ ဘာကိုမှ ထူးထူးဆန်းဆန်း ခံစားတာမျိုး မရှိဘဲ အေးချမ်းစွာ ထွက်သွားချင်ခဲ့တာဖြစ်သည်။ အခုတော့ သူ့ဘဝက ရှင်းချင်ပါတယ်ဆို စတင်ရှုပ်လာတော့မယ့်ပုံပင်။

ဆော့ဂျင်တွေးရင်း လမ်းဖြတ်ကူးဖို့ ကြိုးစားလိုက်မိသည်။ ဦးနှောက်က အချိန်တွေရွေ့လျားနေသလို မေ့နေခဲ့တဲ့အစိတ်အပိုင်းတွေ ဟိုတစ်ခုဒီတစ်ခုထိုးထွက်လာနေပေမယ့် သူခံစားနေရတဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုကြောင့် သူ့ခြေလှမ်းတွေကို အမြန်နှုန်းတင်လိုက်မိသည်။ သို့ပေမယ့် တစ်ဖက်က စူးရှတဲ့မီးအလင်းရောင်ကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ ဖျတ်ကနဲ့ အသိဝင်လာမိတာက လွန်ခဲ့တဲ့နှစ်နှစ်က သူမြင်ခဲ့မိတဲ့မီးအလင်းရောင်။

" ( ..ကျွီ  ... ) "

ကားဘရိတ်အုပ်သံကို ကြားလိုက်ရတဲ့နောက်မှာတော့ သူဆက်တိုက် မှတ်မိလာခဲ့တာက အဲ့ဒီ့နေ့က အဖြစ်အပျက်တွေ။

//  ~~ သိပ်ချစ်လွန်းလို့ အစစအရာရာသည်းခံခဲ့ပေးတာကို ခင်ဗျားဒီနည်းနဲ့အနိုင်ယူလိုက်တာလား? ကင်ဆော့ဂျင် ပြောစမ်း!  ခင်ဗျားမှာနှလုံးသား နည်းနည်းလေးတောင်မရှိဘူးလား //

// ကင်ဆော့ဂျင် လမ်းခွဲရအောင် //

// နောက်ထပ်ထပ်တွေ့ရင်တောင် ခင်ဗျားကို ထိန်းချုပ်နိုင်တဲ့သူအဖြစ်နဲ့ပဲ ပြန်ဆုံမှာ //

// ကိုယ်ကတော့ မင်းနဲ့ ဘယ်တော့မှ ထပ်မတွေ့ရပါစေနဲ့လို့ပဲ ဆုတောင်းတယ် ဂျွန် ဂျောင် ကု //

အဲ့ဒီ့စကားလုံးတွေနဲ့အတူ အဲ့ဒီ့ကောင်လေးအပေါ် လုပ်ခဲ့တဲ့အရှုပ်ကိစ္စတွေ တစ်ခုမကျန်မှတ်မိလာရင်း သူ စတင်နားလည်လာတာက နောင်တဆိုတဲ့ခံစားချက်။ တဆက်တည်းမှာပဲ ‌အဲ့ဒီ့နေ့ ဂျောင်ကုဆီကအပြန် လမ်းမှာ ဖြစ်ခဲ့တဲ့အက်စီးဒင့်။ နောက်ဆုံးအချိန်မှာ သူ နောင်တ တရားကို နားလည်ခဲ့တာ အချစ်ဆိုတဲ့ ခံစားချက်ကြောင့်ဖြစ်သည်။

နတ်သမီးပုံပြင် 【Completed】Where stories live. Discover now