International Play Boy Mg_27 ( Past _1)

Start from the beginning
                                    

သူတို့လက်ထပ်ထားတာ တစ်နှစ်‌ကျော်ပြီးပင်။
အဲကြောင့် အိပ်ယာပေါ်က ကိစ္စကတော့ လုပ်ကြသည်ဆိုတာ ထည့်ပြောရန်လိုမည်မထင်။

" Yejunလေးကို လွမ်းလိုက်တာ "

ကိုကိုရောသူပါ ကလေးလိုချင်ပေမဲ့ အန္တရာယ်များသည်ဆိုပြီး ကိုကိုက ကလေးမယူခိုင်း။

ကိုကိုဖေဖေကရော သူအိမ်ကပါ ကလေးလိုချင်ပေမဲ့ ကိုကို့ကို မလွန်ဆန်နိုင်ကြ။

ကိုကိုနဲ့လက်ထပ်ပြီးကတည်းက သူတို့အိမ်က လုပ်ငန်းကိုပါ ဦးစီးနေတဲ့ကိုကိုကြောင့် အိမ်ကစီးပွားရေးဟာလည်း တိုးတက်လာသည်။

အဲကြောင့်လည်း Jiminအိမ်က ဘယ်သူမှ ကိုကို့ကို မလေးမစားမဆက်ဆံရဲ။

ဟူးးးး

သက်ပြင်းလေးချနေတဲ့ Ji

Jiကလေးလိုချင်တာ Yoongiသိပါသည်။
သူကိုယ်တိုင်ကလည်း လိုချင်ပေမဲ့ Jiတစ်ခုခုဖြစ်မှာကို မလိုလား။

Taehyung Yejunလေးကို ‌မွေးတုန်းကဆို ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ။

ခွဲခန်းထဲ၀င်ကတည်းက ယောင်္ကျားလေးကိုယ်၀န်သည် ဖြစ်တာကြောင့် အသက်ရှင်ဖို့ရာခိုင်နှုန်းသည်လို့ ဆရာ၀န်ကကြိုပြောတဲ့ထိ။

" Ji "

" ဗျာ "

" ကလေးလိုချင်လို့လား "

" ... "

" ကိုယ်ကလည်း လိုချင်တာပေါ့ကွာ ဒါပေမဲ့ Jiတစ်ခုခု ဖြစ်ရင် ကိုယ်ရူးသွားမှာ "

" တစ်ခါလောက်ကြိုးစားကြည့်ရအောင် ကိုကို
ကျွန်တော်လေ Yejunလေးကို မြင်တိုင်း အားကျမိတယ်၊ Taetaeလည်း ယောင်္ကျားလေးတစ်ယောက်ဘဲ၊ ကျွန်တော်သူနဲ့တူတူဘဲလေ၊
တစ်ခါလောက်ကြိုးစားကြည့်ရအောင်ပါ နော် "

" ကောင်းပြီလေ အခုနယ်သာလန်မှာ ကိုယ်တို့ဆရာ၀န်ပြကြည့်မယ်လေ အန္တရာယ်များတယ်ဆိုရင် မရဘူးနော် "

" ဟုတ် ကိုကို အဲကြောင့်ချစ်တာ ကိုကို့ကို "

" ဟုတ်ပါပြီဗျာ "

....

Taehyungနိုးတော့ ဘေးမှာ Jungkookရှိမနေ။

သူအိပ်ယာ‌ပေါ်က ထလိုက်ပြီတဲ့အချိန်

International Play Boy MgWhere stories live. Discover now