5.. (Version1)

390 41 5
                                    

" နက်ကတိုင်ဆိုရင်ကော"

" ဟင့်အင်း~ သူ့ဆီမှာ အဲ့တာတွေအရမ်းများနေပြီ"

ဂျင်းဂျူတစ်ယောက် ခေါင်းကိုတစ်ချက်ကုတ်လိုက်ပြီး မျက်လုံးများကိုမှေးစင်းလိုက်ရင်း စဉ်းစားခန်းဖွင့်နေသည်ကို ဂျီအာ စိတ်ရှည်ရှည်ထား ငေးကြည့်နေမိ၏။ ဂျီအာ့အဖြစ်မှာ ဂျင်းဂျူပြောသလိုပါပင်။ ၃နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အတွက် ယောကျာ်းဖြစ်သူကို လက်ဆောင်‌စဉ်းစားနေတာက ရည်းစားဦးအတွက် မွေးနေ့လက်ဆောင်စဉ်းစားနေတဲ့ အထက်တန်းကျောင်းသူပေါက်စလေးကျနေတာပဲတဲ့။

" နာရီလည်းမဟုတ်ဖူး၊ နက်ကတိုင်လည်း မဟုတ်ဖူး.... ပြီးတော့ နင်ဖြစ်ချင်တာက ဆန်းဘေး အဲ့အရာကို မြင်လိုက်တဲ့အချိန်တိုင်း နင့်ကိုသတိရစေမဲ့ဟာဆိုရင်တော့....."

အသေးစိတ်တွေအထိဖွင့်ချပစ်ပြီးမှ ကိုယ့်ဖာသာကိုယ် ရှက်နေမိတာကြောင့် ဂျီအာ ဂျင်းဂျူဆီမှ မျက်နှာလွှဲပြီး ခပ်လှမ်းလှမ်းမှ ကလေးတစ်သိုက်ဆီကို ကြည့်လိုက်သည်။ ဂျင်းဂျူရဲ့သားငယ်လေး ဂီယုံးနှင့် မီရယ်၊ ဆန်လေးတို့မှာ ဖယောင်းရောင်စုံကိုယ်စီနှင့်အလုပ်ရှုပ်နေကြသည်။

" ဟုတ်ပြီ!! အဲ့ဒါ၀ယ်ပေးလိုက်၊ အဲ့ဟာက လွဲပြီးမရှိတော့ဖူး"

မချိုမချဉ် မျက်နှာပေးမျိုးကိုလုပ်ရင်း ဂျင်းဂျူက သူမအနားကို တိုးကပ်ထိုင်လာမှာ မသင်္ကာဖွယ်ရာပင်။

" ဘာ- ဘာလဲ"

" အ.တွင်း.ခံ.ဘောင်း.ဘီ"

ဂျင်းဂျူက နှုတ်ခမ်းတို့ကို ကွေးညွတ်ကာ ပြုံးစစဖြင့် တစ်လုံးချင်း ခပ်တိုးတိုးပြောလိုက်ခြင်းဖြစ်သည်။

" ဟမ်?"

" ဟုတ်တယ်၊ ပန်တီဆိုတာ နေ့တိုင်း၀တ်နေရတာပဲလေ၊ ရောင်စုံ သုံးလေးsetလောက် ၀ယ်ပေးလိုက်၊ အဲ့တာဆို အင်္ကျီ၀တ်တဲ့အချိန်တိုင်း၊ ဒါမှမဟုတ် ချွတ်လိုက်တဲ့အချိန်တိုင်း နင့်ကိုသတိရနေမှာ၊ ကျိန်းသေ"

" ဟာ~ နင်ကလည်း"

" ဘာ နင်ကလည်းလဲ"

" အတွင်းခံကို မင်္ဂလာနှစ်ပတ်လည်လက်ဆောင်အနေနဲ့ပေးတာက နည်းနည်း.... "

You've reached the end of published parts.

⏰ Last updated: Jun 14, 2023 ⏰

Add this story to your Library to get notified about new parts!

= Above the horizon(S2) =Where stories live. Discover now