3.

360 43 3
                                    

*ဝှစ်*

အားကုန်လွှဲရိုက်ခံလိုက်ရတဲ့ ဖြူဖွေဖွေးဂေါက်သီးတစ်လုံးဟာ လေထုကိုထိုးခွင်းပြီး ဂေါက်ကျင်းနဲ့မလှမ်းမကမ်းက အစိမ်းရောင်လွင်ပြင်ပေါ် သွားပြီးကျရောက်တယ်။ ကောင်းတဲ့ရိုက်ချက်ဖြစ်တာမို့ ဂေါက်ကွင်း၀န်ထမ်းတွေက လက်ခုပ်လက်ဝါးတွေတီးပြီး ချီးကျူးနေကြပေမဲ့ ရိုက်ချက်ပိုင်ရှင်ဖြစ်တဲ့ ဂျုံးဂုရဲ့အဖေက ဘယ်သူ့ကိုမှ စောင့်မနေတော့ပဲ ဂေါက်သီးကျနေတဲ့နေရာဆီကို ဦးဆောင်ထွက်သွားတော့ ဂျုံးဂုမှာလည်း အဖေဖြစ်သူနောက်ကို ဒရောသောပါးပြေးလိုက်ရတယ်။

" ဥက္ကဌဂျွန်းက အခုတလော energetic ပါလား၊ ဘာဆေးကောင်းတွေများ ရှာတွေ့ထားလို့လဲ၊ ညွှန်းပါအုံး"

ပြောင်နေတဲ့ငယ်ထိပ်မှာ ကပ်တင်‌လို့နေတဲ့ ချွေးစက်တစ်ချို့ကို ပဝါတစ်ထည်နဲ့ ဖိသုတ်လိုက်ရင်း ဥက္ကဌရှင်းက အရှေ့မှရောက်နေတဲ့ ဂျုံးဂုရဲ့အဖေကို လှမ်းမေးလိုက်တာပင်။ ဂျုံးဂုရဲ့အဖေက အတန်ငယ်ပိုမြန်လို့နေတဲ့ မိမိခြေလှမ်းတွေကို အခုမှသတိထားမိသလိုနဲ့၊ အနောက်မှလိုက်လာနေတဲ့ ဂျုံးဂုတို့တတွေ လိုက်မီစေရန် ခပ်နှေးနှေးလျှောက်ရင်း ပြန်ဖြေလိုက်သည်။

" အချိန်ပိုင်းအလုပ်လုပ်နေတာလေ"

" ဟာ ဟုတ်လှချည်လား၊ ဘာအလုပ်လဲ"

" ကလေးထိန်း"

အဖြေကိုကြားလိုက်တော့ ဥက္ကဌရှင်းနဲ့အတူ ဂျုံးဂုပါ ဟက်ဟက်ပက်ပက်လိုက်ရယ်လိုက်တယ်။ အဖေ့စကားကို ကြားလိုက်တဲ့ ဂေါက်ကွင်း၀န်ထမ်းတွေခမျာမှာလည်း ပြုံးစိစိ။ လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဌဆိုတဲ့ အရှိန်အဝါအပြည့်ရှိတဲ့ လူကြီးတစ်ယောက်ကို ကလေးနှစ်ယောက်ရဲ့ကလေးထိန်းအနေနဲ့ ပုံဖော်ကြည့်လိုက်ပါက ဂကျိုးဂကြောင်တော့ အတော်ကျနိုင်လိမ့်မည်။

ဆောင်းရာသီဆိုပေမဲ့ နေပူထီးထီး၊ မြက်ကွင်းပြင်ကျယ်ကြီးထဲ နေရှိန်ဟပ်ခံရတာမို့ အိုက်စပ်စပ်နိုင်သည်။ ဒါပေမဲ့လည်း တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့ ဆောင်းလေပြေကြောင့် ဂျုံးဂုမှာ အပန်းပြေရတယ်။ ကောင်းကင်ပြင်ကိုလှမ်းမော့ကြည့်လိုက်တော့ တိမ်ကင်းစင်နေတဲ့ မိုးသားပြာကြီးကိုသာ တွေ့လိုက်ရသည်။

= Above the horizon(S2) =Where stories live. Discover now