Chapter 17 - Julien 16

Start from the beginning
                                    

ဖေးတုက ခေါင်းမညိတ်သလို ခေါင်းလဲမခါ။ ဖြည်းလေးစွာနှင့် လီမွန်တီးဘူးကို ပိုက်နှင့်ထိုးကာ တစ်ငုံစုပ်သောက်သည်။ ချဥ်ချဥ်ခါးခါးအရသာကြောင့် လူသောက်သုံးရန်မသင့်ဟု သတ်မှတ်ကာ ဘေးတွင် ပစ်ထားလိုက်သည်။ ထို့နောက်တွင်တော့ သုတ်သီးသုတ်ပျာ ထထွက်သွားသည့် လော့ဝမ့်ကျိုး၏ ကျောပြင်ကို ငေးနေလေသည်။

လော့ဝမ့်ကျိုးတွင် ချန်ကျန်း၏ ဖုန်းနံပါတ်ရှိ၏။ သို့သော် စောစောက ဖုန်းနံပါတ်ကို သူမသိ။ မြို့လယ်သို့ ကားမောင်းနေရင်းက ဒါရိုက်တာလုကို ဖုန်းဆက်သည်။

" ဦးလေးလု.. ကျွန်တော်ပါ.. အရမ်းအလျင်လိုနေလို့ ခွင့်ပြုချက်ရအောင်အထိ မစောင့်နိုင်လို့.. ကျွန်တော့်ကို ဖုန်းနံပါတ်နှစ်ခု ခြေရာခံပေးလို့ရမလား"

ဒါရိုက်တာလုမှာ ရုတ်တရက် ကြားလိုက်ရသောစကားပေမဲ့ အံ့သြခြင်းမရှိ။
" ဘယ်နံပါတ်လဲ.. မင်း အခုဘယ်မှာလဲ"

လော့ဝမ့်ကျိုးက ချန်ကျန်းဖုန်းနံပါတ်နှင့် စောစောက ဆက်သည့် ဖုန်းနံပါတ်ကို ပေးလိုက်သည်။

ဒါရိုက်တာလုက ချက်ချင်းချရေးကာ ဖုန်းမချခင် မှာလိုက်သေးသည်။
" မင်း အခုအခြေအနေ ဘယ်လိုရှိလဲ.. လုံခြုံမှုရော ရှိရဲ့လား"

" ကျွန်တော့်နာမည်ကိုက လုံခြုံမှုပဲလေ"
လော့ဝမ့်ကျိုးက စတီယာရင်ကို ခပ်ကြမ်းကြမ်းလှည့်ရင်း ပြုံးလိုက်သည်။ ကားက နန်းပင်လမ်းမှ ဟွားရှီအနောက်ခြမ်းဆီသွားသည့် လမ်းထဲ ကွေ့ဝင်သွား၏။

နွေရာသီရောက်နေပြီဖြစ်သည့်အတွက် ညပိုင်းရောက်တာတောင် တော်တော်လေးပူသည်။ ငှက်များ အိပ်တန်းနေရာ​ပြောင်း၍ ကားတချို့နှင့် တိုက်မိကာ သေနေကြသည်ကိုကြည့်ခြင်းအားဖြင့် ညပိုင်း မိုးသည်းထန်စွာ ရွာဦးမည်ဟု ခန့်မှန်းရသည်။

သောကြာနေ့ ရုံးဆင်းချိန်က တခြားနေ့တွေထက် ကားပိုကြပ်လေ့ရှိသည်။ ကံကောင်းသည်က ဒီနေ့က restriction နောက်ဆုံးနေ့ဖြစ်သည်။ မြို့နယ်စည်ပင်က ယာဥ်ကြောကြပ်တည်းမှုကို ဖြေရှင်းရန် LED ဆိုင်းဘုတ်များကို ဒရုန်းနှင့် ဆွဲကာ ဟိုဟိုသည်သည် လျှောက်ပြေးပြနေသည်။ ထိုဒရုန်းများက လူအများနောက် လိုက်သည်လဲရှိသည်။ တစ်ခါတစ်ရံ လမ်းတွေထဲ ဝင်ကာ လော့ဝမ့်ကျိုးကားနောက် လိုက်လာသည်လဲ ရှိ၏။ အနောက်ခြမ်း၏ ရှုပ်ထွေးနေသည့် လမ်းကြားထဲ ဝင်တော့မှသာ ထိုဒရုန်းများ လိုက်မလာတော့ခြင်းဖြစ်သည်။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now