မထင်မှတ်ထားသော

316 9 9
                                    

“ဘယ်လိုလဲအမေကြီးရေ...အခုစိတ်အေးသွားပြီလား...”

တစ်ချိန်လုံးဆူပုတ်ပုတ်ရုပ်နဲ့သားငယ်ဖုန်းကိုတောက်လျှောက်ဆက်နေတဲ့ချစ်ဇနီးကသားငယ်နဲ့ဖုန်းလဲပြောပြီးသွားရောချက်ချင်းကိုပြုံးချိုလေးဖြစ်သွားပြန်တာမို့ဦးမင်းသခင်တစ်ယောက်လဲမတက်နိုင်စွာခေါင်းအသာရမ်းလိုက်ရင်းစနောက်လိုက်သည်....

“အွန်း...ပြန်လာပြီတဲ့...အရေးပေါ်ခွဲခန်းဝင်လိုက်ရလို့တဲ့လေ...ဒင်းလေးကအိမ်ကအမေထက်သူ့လူနာတေကိုပိုချစ်တာ...ဟွန့်..လူဆိုးလေး..”

မသိမသာလေးသူ့ကိုဂရုမစိုက်ပါဘူးဆိုတဲ့အကြောင်းကိုသူ့ကိုလာတိုင်နေတဲ့ချစ်ဇနီးလေးကိုအသည်းတယားယားဆွဲဖက်ထားလိုက်ကာသဘောတကျရယ်ရင်း ဖွင့်ထားတဲ့TVကိုစီးပွားရေးချန်နယ်ကိုပြောင်းလိုက်သည်...သူ့ရင်ခွင်ထဲမှာသက်သောင့်သက်သာမှီနေတဲ့ဇနီးလေးကတော့သူချန်နယ်ပြောင်းလိုက်တာကိုမြင်တာနဲ့တောင့်တင်းသွားရှာသည်...စီးပွားရေးဧကရာဇ်ကြီးဖြစ်နေတဲ့သူတို့ရဲ့သားကြီးကိုဒီချန်နယ်မှာသူတို့တေမြင်နိုင်တယ်မဟုတ်လား..သားကြီးရဲ့ပုံရိပ်ကိုဒီသတင်းတေကဘဲတွေ့မြင်နိုင်တာမို့...စီးပွားရေးသတင်းတေကိုစောင့်ကြည့်ရတာကိုသူမလေးကလက်မလွှတ်တမ်းစောင့်ကြည့်နေကြ‌ဆိုပေမဲ့လဲ...သားကြီးရဲ့ပုံရိပ်ကိုမြင်လိုက်တဲ့အချိန်တိုင်းလဲ စိတ်လှုပ်ရှားပြီးတစ်ကိုယ်လုံးတောင့်တင်းသွားတက်တာလဲသူ့ရဲ့ဇနီးဘဲ...

“ဒီနေ့အတွက်နောက်ဆုံးရစီးပွားရေးသတင်းကတော့...Triple M လုပ်ငန်းစုရဲ့ဌာနချုပ်မှယနေ့ည၈နာရီမှာ Black Pearl ကုမ္ပဏီကိုတရားဝင်စစ်ကြေညာသွားတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဘဲဖြစ်ပါတယ်...မြန်မာနိုင်ငံမှာတင်မကပြည်ပမှာပါခြေကုပ်ခိုင်မာစွာယူထားနိုင်တဲ့Triple Mလုပ်ငန်းစုကြီးဟာဆိုရင်ဖြင့်ယ‌ နေ့ည၈နာရီမှာဘဲ Black Pearlနဲ့အကျိုးတူပူး‌ေပါင်းထားတဲ့ကုမ္ပဏီတိုင်းဟာ Triple Mရဲ့ရန်သူဘဲဆိုပြီး တစ်ဖက်သက်စစ်ကြေညာခဲ့ပါတယ်...‌ဒီသတင်းနဲ့ပတ်သက်ပြီး Triple Mလုပ်ငန်းစုရဲ့အ‌ ထွေထွေအတွင်းရေးမှူး ဦးခန့်သွေးကိုမေးမြန်းစုံစမ်းကြည့်ရာမှာ ဒီသတင်းဟာအမှန်တကယ်ဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်..ကြေညာချက်ကိုTriple Mရဲ့CEO နေသခင်တော်ကိုယ်တိုင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိစုံစမ်းသိရှိချက်တေအရ black pearlရဲ့ပိုင်ရှင်က နေသခင်တော်ရဲ့‌ေယာက္ခမတော်ဆက်တဲ့ဆက်ဆံရေးရှိတယ်လို့သိရှိရပါတယ်...ထိုကြေညာချက်နဲ့ပတ်သက်ပြီးလဲ..Black Pearlရဲ့CEO ဦးစိုင်းဝဏ္ဏက‌ေတာ့သူ့ရဲ့သမက်ကစနောက်ကြည်စယ်လိုက်ခြင်းသာဖြစ်ကြောင်းကြေညာခဲ့ပါတယ်...လက်ရှိရရှိထားတဲ့စုံစမ်းမှုတေမှာတော့Triple Mကတကယ်ကိုBlack Pearlကိုဦးတည်တိုက်ခိုက်နေတာကိုတွေ့ရှိရပြီး Black Pearlနဲ့လုပ်ငန်းပူးတွဲလုပ်ကိုင်နေတဲ့ကုမ္ပဏီတေတစ်ခုပြီးတစ်ခု နောက်ဆုတ်သွားကြောင်းသတင်းရရှိခဲ့ပါတယ်...”

You've reached the end of published parts.

⏰ Last updated: Jun 25, 2023 ⏰

Add this story to your Library to get notified about new parts!

ကိုကို့အရိပ်ကလေးWhere stories live. Discover now