အရာအားလုံးမင်းပိုင်တယ်

283 11 10
                                    

တိတ်ဆိတ်ငြိမ်သက်တဲ့ညချမ်းအချိန်အခါမို့လို့ပတ်ဝန်းကျင်ကလူခြေတိတ်ကာလုံးဝငြိမ်သက်နေခဲ့သည်...နေသခင်စံအိမ်မှာတစ်အိမ်လုံးကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြပေမဲ့အိပ်မပျော်နိုင်သူကတော့အိမ်ကြီးရှင်သခင်လေးနေသခင်တော်ရယ်...လိမ်းဆေးဘူးလေးကိုင်ကာရုပ်တည်ကြီးနဲ့ကူးကူးအိပ်ခန်းထဲဝင်ချလာတဲ့နေသခင်တော်မှာကုတင်ပေါ်မှာအပြစ်ကင်းစွာအိပ်ပျော်နေတဲ့ကောင်ကလေးကိုမြင်လိုက်ရတော့အလိုမကျစိတ်တေကပိုလို့တောင်တိုးပွားလာသည်...ခါတိုင်းဒီအချိန်ဆိုဆိုင်ရာပိုင်ရာအရုပ်ကလေးတေပိုက်ကာသူ့ကုတင်ပေါ်တက်လာနေကျကောင်လေးကဒီညရောက်မလာတော့သူနေလို့ထိုင်လို့မရတော့...စိတ်ဆိုးစိတ်ကောက်နေတဲ့ကူးကူးကတော့အိပ်နေတာများနှုတ်သီးတေတောင်ချွန်နေရော..ရိပ်ကူးကသူ့ကိုစိတ်ကောက်နေသတဲ့...ဒါကလဲဟိုဘာမဟုတ်တဲ့လူကြောင့်တဲ့လေ...ကူးကူး‌ကသူစိမ်းယောက်ျားတစ်ယောက်နဲ့ရယ်မောပြောဆိုနေတာမြင်ရတော့သူ့ရင်ထဲမီးထတောက်သွားသလိုနာကျင်ခံရခက်ကာပူလောင်သွားရသည်...စိတ်ဆိုးဆိုးနဲ့အတင်းဆွဲခေါ်လာပြီးဆူပူမိတော့စိတ်အကောက်ကြီးကောက်သွားတဲ့ကူးကူးကဒီညသူ့အခန်းကိုတောင်ရောက်ချမလာတော့ဘူး...

“...”

နေသခင်အိပ်ရာပေါ်ကကောင်ငယ်လေးကိုကူကယ်ရာမဲ့စွာစိုက်ကြည့်လိုက်ရင်းသက်ပြင်းရှိုက်မိတော့သည်...ရိပ်ကူးကသူ့ညီကလေး...ဒါပေမဲ့...တစ်ခြားသူနဲ့တွဲမြင်လိုက်ရတဲ့အချိန်တိုင်း..သူကဣန္ဒြေမဆယ်နိုင်လောက်အောင်စည်းလွတ်ဘောင်လွတ်အူတိုနေမိသည်...သူ့ရဲ့ရင်တွင်းခံစားချက်တေကညီငယ်လေးအပေါ်လွန်ကဲနေတဲ့ဖြစ်ခြင်းက...ရွံရှာစက်စုတ်ဖွယ်ကောင်းလွန်းလှသည်...နေသခင်ဆေးဘူးကိုဖွင့်ကာကူးကူးရဲ့လက်ကလေးကိုအသာဆွဲယူလိုက်သည်...ညနေကသူစိတ်လိုက်မာန်ပါနဲ့ကူးကူးရဲ့လက်ကိုအတင်းအကျပ်ဆွဲကိုင်ထားခဲ့မိတာ...လက်ကောက်ဝတ်လေးမှာညိုမဲဆွဲနေတဲ့လက်ချောင်းရာတေကိုမြင်တော့နေသခင်အံတင်းတင်းကြိတ်လိုက်မိသည်...ဒဏ်ရာပေါ်မှာဆေးကိုညင်ညင်သာသာလိမ်းပေးပြီးတာနဲ့လက်ကလေးကိုဆောင်အောက်ကိုပြန်ထည့်ပေးလိုက်ကာ...အိပ်ရာဝင်အနမ်းတစ်ခုကောင်ကလေးရဲ့နဖူးပြင်ထက်မှခိုးယူလိုက်ပြီး...အခန်းထဲကပြန်ထွက်လာခဲ့လိုက်သည်....ရင်ခွင်ထဲထည့်ထားစရာလူသားလေးမရှိတဲ့ညကတော့အိပ်ပျတ်ညပေါ့...

ကိုကို့အရိပ်ကလေးWhere stories live. Discover now