နေသခင်စံအိမ်ရဲ့သခင်ကြီးဖြစ်တဲ့ဦးမင်းသခင်ကသူ့ဇနီးကိုသိပ်ချစ်မြတ်နိုးတယ်ဆိုတာလူသိနတ်ကြားပါဘဲ...သူများတေသိထားတာထက်တောင်ပိုပြီးချစ်ခင်သူကြီးကတော့အခုအခါမှာတော့ဒုက္ခလှလှကြီးနဲ့စိတ်ညစ်ညူးနေရတယ်...ရင်နှစ်သည်းချာသားနှစ်ယောက်စလုံးကနာမကျန်းဖြစ်နေတဲ့အပြင်စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ဇနီးသည်ကိုမြင်နေရတာအသည်းဆိုင်တို့ကိုဆုပ်ချေခံနေရသလိုဘဲ...
“စံ...သိပ်ပြီးစိုးရိမ်မနေပါနဲ့တော့...သားနေရောကူးကူးရောပြန်ကောင်းနေပါပြီကွာ..”
“ဦးမင်း...”
“ပြောလေစံ..."
“မယ်..မယ်မယ်လေ...နေမကောင်းဖြစ်နေတယ်တဲ့...နန်းစံဆီကိုဖုန်းဆက်လာတယ်...”
“....”
“မင်းလေးဘာလုပ်ချင်သလဲ...ဦးကိုပြော...”
“သားတို့ကိုမွေးပြီးကတည်းကမယ်မယ်နဲ့မတွေ့ဖြစ်တာ၁၆နှစ်ရှိပြီ...နန်းစံလဲတစ်ခါမှမဆက်သွယ်ခဲ့သလို..မယ်မယ်ကလဲမဆက်သွယ်လာဘူး..”
“နန်းစံကသားသမီးဝတ်တရားမကျေပွန်ခဲ့တာသိပါတယ်...”
“အဲ့လိုမဟုတ်ပါဘူးကွာ...မင်းကတာဝန်မကျေတာမဟုတ်ပါဘူး...”
“နန်းစံကိုနှစ်သိမ့်ပေးမနေပါနဲ့ဦးရယ်...နန်းစံကိုယ့်ကိုကိုယ်သိပါတယ်...နန်းစံအခုလဲသမီးမပီသပြန်ဘူး...မယ်မယ့်ဆီသွားချင် ပေမဲ့..တစ်ကိုယ် ကောင်းဆန်စွာနဲ့ဘဲ...နန်းစံသား တေနားကမခွာချင်ပြန်ဘူး...သား နေကအခုချိန်ထိသတိမရ သေး..”
“မင်း..အမေဆီကိုသွားချင်နေရင်လဲစိတ်အေးလက်အေးနဲ့သွားနိုင်ပါတယ်စံရယ်...သားတေဘေးမှာဦးတစ်ယောက်လုံးရှိနေတာဘဲမဟုတ်ဘူးလား...ဘာမှစိတ်ညစ်နေစရာမလိုပါဘူး...အမေ့ဆီသွားကြည့်ချင်နေရင်သွားသာသွားလိုက်ပါ...”
“မဖြစ်ပါဘူးဦးမင်းရယ်...နန်းစံသားကြီးကအခုထိသတိတောင်ပြန်မရသေးတာကို...”
“ဘာလို့မဖြစ်ရမှာလဲ...ဒီမယ်..မင်းသားကိုဦးကကိုက်စားပစ်မဲ့လူကြီးမို့လို့လား...ဦးနဲ့စိတ်အေးလက်အေးမထားခဲ့နိုင်ရတဲ့အထိဖြစ်နေအောင်...ဦးကကိုယ့်သားသမီးကိုကိုယ်ပြန်နှိပ်စက်နေတဲ့အကြမ်းဖက်သမားကြီးလို့ထင်နေတယ်လို့တော့မပြောနဲ့နော်...”
YOU ARE READING
ကိုကို့အရိပ်ကလေး
Romanceရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး...ဒီလေးငယ်ကsemeတေကိုရှယ်ပလန်နဲ့ကိုချစ်တာမို့လို့လေးငယ်လက်ထွက်ဆန်မဲမှန်သမျှကတော့ကောင်းကောင်းမွန်မွန်နေရမှာတော့မဟုတ်ဘူးလို့ဘဲပြောလိုက်ပါတော့မယ်...