(၂) Public Beta

Start from the beginning
                                    


ရှင်းထုန်သည် ထိုကစားသမား၏ အိတ်နှင့် ဒိုင်းကာ အားလုံးက ခရမ်းရောင်ဖျော့ဖျော့ လင်းလက်နေသည်ကို မြင်နိုင်ပေသည်။

ကမ္ဘာပျက် ကပ်ဘေးဂိမ်းအတွင်းတွင် ဂိမ်းအသုံးအဆောင်ပစ္စည်းများကို အဆင့်လေးဆင့် ခွဲခြားနိုင်သည်။ အဖြူရောင်(သာမန်)၊ အပြာရောင်(အဆင့်မြင့်)၊ ခရမ်းရောင်(ရှားပါး) နှင့် လိမ္မော်ရောင်(ဒဏ္ဍာရီအဆင့်) တို့ ဖြစ်​လေသည်။


Beta ဗားရှင်း စတင်ခဲ့သည်မှာ ရက်တစ်ရာသာလျှင် ရှိသေးသည်။ ဤကစားသမားက ဒီအချိန်အတောအတွင်းမှာပင် ရှားပါးအဆင့် အသုံးအဆောင်ပစ္စည်းများကို ရရှိနိုင်သည်မှာ မရိုးရှင်းလှပေ။ ထို့ပြင် ပြန်လည်ကုသရေး အစားအစာများလည်း အများအပြား ထုတ်ယူနိုင်သေးသည်။

သူမတွင် ပြန်လည်ကုသရေးပစ္စည်းများ လုံလောက်နေလျှင် Beta Test ပြီးဆုံးသည့်အချိန်အထိ ထွက်ပြေး၍ ရပေလိမ့်မည်။ သူမက ယခုကဲ့သို့ အခြေအနေမျိုးနှင့် အဆုံးသတ်သွားပါက နှမြောစရာကောင်းလိမ့်မည် မဟုတ်ပါလား။


ကမ္ဘာပျက် ကပ်ဘေးဂိမ်းအတွင်း ပြန်လည်ကုသရေးပစ္စည်းများက ရှားပါးပြီး ကုသရန် ဆေးများ အဆက်မပြတ် အသုံးပြုခြင်းမျိုး မရှိနိုင်ပေ။ ရှင်းထုန်က ထိုကဲ့သို့ တွေးလိုက်သော်လည်း ထိုအမျိုးသမီးကစားသမားက ပစ္စည်းများကို ဆက်လက် ထုတ်ယူနေခဲ့သည်။ အများစုက အပြာရောင်အလင်းရှိသည့် ပစ္စည်းများဖြစ်ကာ အနည်းငယ်က ခရမ်းရောင်သမ်းနေလျက် တစ်ခုဆိုလျှင် လိမ္မော်ရောင်အလင်းနှင့် ​ဖြစ်​လေသည်။


ထိုအသုံးအဆောင်ပစ္စည်းများ၏ အကူအညီနှင့် သူမက အခြေအနေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်နေဆဲဖြစ်သည်။ Boss က သူ၏ တိုက်ကွက်အားလုံးကို အသုံးပြုနေသော်လည်း ၎င်း၏ ပြိုင်ဘက်ကို မသတ်ဖြတ်နိုင်ပေ။


ဆယ်မိနစ်ကြာပြီးနောက် စနစ်က အသိပေးချက်တစ်စောင် ပို့လာခဲ့သည်။ [Beta ကစားသမား တစ်သိန်းမှာ ဆယ်ယောက် ရှင်သန်ကျန်ရစ်ပါတယ်။ ရှင်သန်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။]

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now