international Play Boy Mg_ 23

Start from the beginning
                                    

ကလေးကို မုန့်ပေးကြိုက်တယ်ပြောပြော သူမကတော့ သူမထက် 6နှစ်လောက်ငယ်တဲ့ Jeonကို ချစ်ပါသည်။

Jeonရှုပ်တယ်ပွေတယ်ဆိုတာရောသိတဲ့အပြင် Jeonက သူ့ကောင်‌လေးကိုအရွဲ့တိုက်ပြီး သူမစေ့စပ်ခဲ့တာကိုလည်းသိပါသည်။

ဒါပေမဲ့လေ ချစ်မိခဲ့တော့မှာတော့ သူမမှာ မမုန်းရက်ပါ။
Jeonစိတ်ဘယ်မှာရှိရှိ Jeonကတော့ သူမအပိုင်ဖြစ်ရင် ရပြီးစိတ်ဆိုတဲ့စိတ်နဲ့ သူမလက်ခံခဲ့တာပင်။

ဘာဘဲဖြစ်ဖြစ် အခု Jeonက သူမအပိုင်ဘဲ။

" Soyaက မင်္ဂလာ၀တ်စုံသွားကြည့်မှာဆို အဲကြောင့် ကျွန်တော်လာတာ "

" အာ အော ဟုတ် ဟုတ်တယ် "

အတွေးလွန်နေတဲ့ သူမ Jeonအသံကြားမှ အသိ၀င်တော့သည်။

အာ ရှက်လိုက်တာ

" အဲဆိုလည်း သွားဆို ကျွန်တော်သင်တန်းသွားရဦးမှာမို့ "

" သွားမယ်လေ "

Soyaဒီနေ့သိပ်ပျော်နေမိသည်။
Jeonရဲ့ စိတ်၀င်စားမှုအ‌ပြည့်အ၀ရခဲ့သည်မဟုတ်ပေမဲ့ Jeonသူမဘေးမှာ ရှိနေခဲ့တာဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုတည်းနဲ့ကို သူမသိပ်ပျော်နေလေသည်။

ကြည့်ရှုပြီး

" အားလုံးပြီးပြီဆိုတော့ ကျွန်တော်ပြန်တော့မယ် Soya "

" ဟို ဟိုလေ Jeon တို့နဲ့ တစ်ခုခုလိုက်စားပါလား Jeonလည်းပင်ပန်း‌ထားတော့ "

Jungkookအ‌တွက် ဒီနေ့ဟာ ပြသာဒါးပင်။
သူမွှေးခဲ့တဲ့ မီးဖြစ်တဲ့အပြင် ဖေဖေကိုလည်း ကြောက်ရတာကြောင့် သူလာခဲ့ရပေမဲ့ မလာချင်ပေ

မဝောာ်လို့ သူ့လူ ကိုရီးယားပြန်ရောက်နေလို့ ဒီမိန်းမနဲ့ နှစ်ယောက်တွဲသွားနေတာ‌တွေ့ရင် စိတ်ဆိုးသွားနိုင်သည်မလား။

မဖြစ်နိုင်ဘူးဆိုပေမဲ့ သူ့က Kim Taehyungဆိုတဲ့ သူ့လူရဲ့ အငြိုအငြိုင်လေးတောင် အခုချိန်မှာမခံချင်ပါ။

" အာ ဟုတ် ဟုတ်ကဲ့ "

Soyaသိပ်ကို ပျော်သွားသည်။

" အင်း အဲဆိုရင် တို့တွေ နေ့လယ်သွားစားကြမယ်လေ Jeon ဘာစားချင်လဲ "

International Play Boy MgWhere stories live. Discover now