အခန်း ၁၈ မှ ၂၀၊ အပိုင်း (၂)

1.3K 154 11
                                    

အခန်း(၁၈) ။ နတ်ကြိုး(၅)သွယ်

'အစ်မ ၂ လုပ်ပေးတဲ့ ကြိုးတွေက အရမ်းကောင်းတာပဲ'

'ဒါပေမဲ့ အသားနံ့မွှန်နေတာကတော့ တစ်မျိုးကြီးပဲ'

ဟန်ဝမ်အော် ခုတင်ပေါ်တွင် မလှုပ်မရှားနိုင်ဖြစ်နေပြီး သူ့အဖြစ်ကို ရယ်ရခက် ငိုရခက်ဖြစ်နေသည်။

"ညီမ ၇ ညီမနိုးလာပြီဆိုတော့ ဝိညာဉ်စွမ်းအားထုတ်ပြီး ကြိုးကိုဖြည်ကြည့်လိုက်တော့" ဝေကျိုး အလောတကြီးပြောလိုက်သည်။

ဟန်ဝမ်အော် က လက်ကိုနောက်ပစ်ပြီး ရပ်နေသော ဆူးယွိ ထံသို့ တိုးသွားရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သူမ ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် သူမ ညာလက်ကို ဆန့်ထုတ်လိုက်သည်နှင့် လက်က အားနည်းကာ အောက်သို့ပြန်ကျသွားသည်။ "အစ်ကို ညီမလှုပ်လို့မရဘူး"

ဝေကျိုး။ ။....

'အစ်မ ၂ ဖန်တီးထားတဲ့ ကြိုးတွေက အရမ်းကို စွမ်းတာပဲ။

အခြေခံအတွင်းအား အစောပိုင်းအဆင့်ရှိတဲ့သူ တစ်ယောက်တောင် တစ်နေ့ နဲ့ တစ်ညကြာတဲ့ထိ မရုန်းနိုင်သေးဘူး'

'ဒီကြိုးကိုသာ ပြိုင်ပွဲမှာသုံးလိုက်ရင်တော့ အခြေခံအဆင့်လောက်ပဲရှိတဲ့ ပြိုင်ဖက်ဆိုရင်တော့ အသာလေးနဲ့ အနိုင်ယူနိုင်မှာပဲ'

"မိစ္ဆာခွာတွေက ညီမဘေးမှာ ဝိုင်းနေသလိုခံစားရတယ်။ ညီမက သူတို့တက်နင်းမှာကို စောင့်နေရတဲ့အတိုင်းပဲ။ လက်တွေ၊ ခြေထောက်တွေကလည်း လှုပ်လို့မရဘူး။ ရင်ထဲမှာလည်း တင်းကြပ်နေတယ်

"

"ဝက်ခြေထောက် ၁၂ ချောင်း" ဆူးယွိ စကားကိုဖြည့်ပြောလိုက်သည်။ "မင်းရဲ့ အစ်ကို ၆ က အစ်မကို ၁၂ ချောင်း ဝယ်လာပေးတာ"

သူမအရင်ရက်များက ထိုဝက်ခြေထောက်များကို ၃ ခါခွဲပြီး ဆက်တိုက်ချက်ထားခြင်းဖြစ်သည်။

ဝေကျိုး။ ။"..."

'ဒီ ဝိညာဉ်လက်နက်က ဖမ်းချုပ်တဲ့နေရာမှာရော တိုက်ခိုက်တဲ့နေရာမှာပါ နှစ်မျိုးအကျိုးသက်ရောက်မှုရှိတယ်။ တတိယအဆင့်ကို ရောက်နေပြီလားမသိဘူး'

စားဖိုမှူးလေး၏အင်မော်တယ်လမ်းခရီးစဥ် Where stories live. Discover now